🎀 Part - 13 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫"မင်း ငါ့နောက်လိုက်လာတာလား"
ရှေ့မှာရှိနေပြီး သူ့ကိုမော့ကြည့်နေသောမျက်နှာကို ငုံ့ကြည့်ရင်းမေးလိုက်သည့်အခါ သူမလေးက ချက်ချင်းခေါင်းခါပြသည်။
ကိုယ့်ကိုမတွေ့တာနှင့် ချက်ချင်းထပြေးလိုက်လာတာကို တစ်နေရာက စောင့်ကြည့်နေခဲ့သောကြောင့် ကလေးမ ခေါင်းခါလာတော့ သူနှုတ်ခမ်းမဲ့ပစ်မိသည်။"ဒီအတိုင်းပြန်မလို့ ထလာတာပါ ဘယ်သူကရှင့်နောက်ကိုလိုက်လို့လဲ"
"ဟုတ်လား ငါမြင်တာတော့ မင်းငါ့ကိုမမြင်လို့ ချက်ချင်းထပြေးလာတာပါ"
"မဟုတ်ဘဲနဲ့"
ပါးမို့မို့လေးနှစ်ဖက်နှင့် နားရွက်ကလေးရဲတက်လာပုံက မီးသီးနီနီလေးတွေ အပြိုင်လင်းလာသလိုမို့ သဘောတကျစရာတော့ကောင်းသည်။
သို့ပေမယ့် သူ့အပြုံးက မဲ့ပြုံးဖြစ်နေသောကြောင့် ချစ်ခြင်းက နှုတ်ခမ်းလေးကိုဖိကိုက်ကာ ထွက်သွားဖို့ပြင်တော့ လက်ကလေးတစ်ဖက်ကိုလှမ်းဆွဲယူလိုက်သည်။
ယိုင်ခနဲပြန်ပါလာသည့် ကိုယ်လုံးသေးသေးလေးကို ရင်ဘတ်နှင့်ထိန်းထားလိုက်ပြီး သူမကိုစူးစူးကြီးစိုက်ကြည့်ကာ..."မင်းကို ဘယ်သူကလွှတ်လိုက်တာလဲ"
"ဟင်!! ဘယ်သူမှမလွှတ်ပါဘူး"
"အဟွန်း.. ငါ့အတွက် မင်းလိုမိန်းမတွေက ရိုးနေပါပြီ ငါသတိထားမိအောင် ဇာတ်လမ်းလုပ်နေတာတွေတော်လိုက်တော့"
ဒီစကားကတော့ မမှန်တော့ဘူးထင်၏။
သူမ အံကြိတ်လိုက်သည်ကိုတွေ့လိုက်သလို ရိပ်ခနဲမြောက်တက်သွားသည့် လက်ကလေးတစ်ဖက်ကိုလည်း မျက်လုံးထောင့်မှလှမ်းမြင်လိုက်၍ ထိုလက်ကလေးကို သူ့ပါးဆီမရောက်မီ ဖမ်းဆုပ်ပစ်လိုက်သည်။
သူ့ကိုနာကျင်အောင် တစ်ခါပဲလုပ်လို့ရမည်ဆိုတာ ဒီမိန်းကလေး မသိလို့လား..."ရှင်ကြီးလွှတ်နော်"
"ငြိမ်ငြိမ်နေစမ်း မင်း ငါ့အသားကို နောက်တစ်ခါထပ်ပြီးထိလို့ရမယ်ထင်နေတာလား ချစ်ခြင်းပြည့်စုံ မင်းကို ငါဒီနေရာတင် သဝာ်ပစ်လိုက်လို့ရတယ် နားလည်လား"

YOU ARE READING
ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)
Romanceငါချစ်ရင် ငါနဲ့ပဲညားမှာမို့ မင်းသတိနဲ့သာနေ Baby Start Date - 13 Jan 2023 End Date - 19 March 2023