45

10K 431 10
                                    

🎀  Part - 45 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မိန်းကလေး မနက်စာစားရအောင်လေ"

"ကိုကိုဘယ်သွားတာလဲ"

မနက်ကတည်းကထွက်သွားပြီး ခုထိပြန်မလာသေးသော ကိုကို့ကိုမေးသည့်အခါ အိမ်ထိန်းကြီးက ပြုံးလျက်ခေါင်းခါပြသည်။
ဖေဖေ့ရဲ့သူငယ်ချင်းဟု သိထားပြီးပြီမို့ ဒီလူကြီးရဲ့ဂရုစိုက်ကြင်နာမှုတွေကိုလည်း နားလည်နေကာ ကိုကို့အကြောင်းမကြားရတာကတော့ အဆင်မပြေ။

"ကိုကိုဘယ်သွားတာလဲလို့"

"ဦးကြီးတို့ကသိခွင့်မရှိပါဘူး သခင်လေးရဲ့ခရီးစဥ်ကို သခင်လေးပဲသိတာပါ ဒီတစ်ခေါက်တော့ကြာမယ်ထင်တယ် နယ်မြေတွေကို လိုက်မစစ်တာ တော်တော်ကြာနေပြီဆိုတော့"

"တစ်ခါခရီးထွက်ရင် ဘယ်လောက်ကြာတတ်လဲဟင်"

"အကြာဆုံးဆို ၃လလောက်ပါပဲ သခင်လေးက ထင်သလိုသွားလာနေတာ အများအားဖြင့် စံအိမ်မှာမနေဘူး နယ်မြေတွေထဲပဲလျှောက်သွားနေတာ မိန်းကလေးရောက်လာမှ အကြာဆုံးနေတာပဲ"

"ကိုကို အရင်က ဘယ်သူ့ကိုခေါ်လာဖူးလဲဟင် ဟိုလေ.. ချစ်ခြင်းပြောချင်တာက"

ကိုကို့ကို ဘာခံစားချက်နဲ့မှ မနီးစပ်ချင်တော့တာလည်း ချစ်ခြင်းပဲဖြစ်ကာ ဒီမေးခွန်းကိုလည်း ဘာကြောင့်မေးမိသလဲမသိ။
ထိုလူကြီးကနှုတ်ဆိတ်စွာဖြင့် ချစ်ခြင်းအတွက် မနက်စာပြင်ဆင်ပေးနေ၍ ထပ်မမေးတော့ဘဲ နွားနို့ခွက်ကိုလှမ်းယူလိုက်သည်။

"လူငယ်ဆိုတော့ဆိုးခဲ့တာတွေရှိတယ် အရင်ကကိစ္စတွေမို့ ဒါတွေကိုအပြစ်မမြင်စေချင်ဘူး မိန်းကလေး ဒါပေမယ့် သူက မိန်းကလေးကိုတော့ တော်တော်လေးမြတ်နိုးတာပါ"

"ဒါပေမယ့်ကိုဇွဲကြောင့်ပါ ကိုဇွဲပြောဖူးတယ် ချစ်ခြင်းပြည့်စုံကို သူချစ်တယ်ဆိုတာ ဇွဲကပင်ရဲ့ညီမဖြစ်နေလို့တဲ့"

"ကလေးမက အထင်လွဲနေတာပဲ သခင်လေးက မောင်ဇွဲကပင်ကိုရန်သူလို့ ဘယ်တုန်းကမှမသတ်မှတ်ခဲ့ဘူး လွှတ်ထားလိုက်ပါဆိုတာချည်းပဲ
မှတ်မှတ်ရရ ကလေးမတို့ခရီးမထွက်ခင် ဒဏ်ရာတွေနဲ့မေ့မျောတုန်းက ဇွဲကပင်လည်း တောင်ကြီးမှာရှိနေတယ် သတ်ဖို့အမိန့်ပေးလိုက်ရင် တစ်ခွန်းတည်းပါပဲ သူ့ကိုသတ်ဖို့ကြံစည်တဲ့သူမှန်သမျှကို ကျူပင်ခုတ် ကျူငုတ်မချန်တတ်တဲ့သခင်လေးက လွှတ်လိုက်ဖို့ကိုပဲ အမိန့်ပေးခဲ့တာ
Babyက သူ့အစ်ကိုကိုချစ်တယ်တဲ့လေ"

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now