16

10.5K 438 11
                                    

🎀  Part - 16 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ဒီနေ့ USကိုထွက်ရမည့်နေ့မို့ ချစ်ခြင်း စိတ်ထဲဝမ်းနည်းနေမိကာ ကိုဇွဲကိုမော့ကြည့်ရင်း မျက်ရည်ဝဲနေမိသလို ငိုလည်းငိုချင်နေမိသည်။
ကိုဇွဲနှင့် တစ်နှစ်မှာတစ်လလောက်သာ နေခွင့်ရသည့်အဖြစ်ကိုလည်း ကုန်ဆုံးချင်၍ ကျောင်းမြန်မြန်ပြီးဖို့ကိုသာ ကြိုးစားမှဖြစ်မည်။
ကိုယ့်တစ်ဘဝလုံး ပြည့်စုံခမ်းနားဖို့ အစစအရာရာအနစ်နာခံခဲ့သည့် ကိုဇွဲကို ကူညီအားပေးဖော်ရသည့်ညီမတစ်ယောက်အဖြစ် ကျေးဇူးသိတတ်ချင်သေးသည်။

"ဟိုမှာအေးတယ်နော် ညီမလေး အနွေးထည်သေချာဝတ် စာလည်းလုပ်၊ အပြင်လည်းထွက်လည် ပိုက်ဆံလိုရင်မှာနော် အချိန်ပိုင်းအလုပ်တွေ ထွက်မလုပ်နဲ့"

"ဟုတ်ကဲ့ပါ ချစ်ခြင်းရဲ့အစ်ကိုက ချစ်ခြင်းကိုအိတ်အပြည့်ထည့်ပေးထားတာပါ တောင်းစရာမလိုပါဘူး"

"လူဆိုးမလေး နောက်လကျ ကိုဇွဲလာခဲ့မယ်နော် လိုချင်တာတွေပူဆာဖို့ အင်အားအပြည့်ဖြည့်ထား"

"ဟီး.. ချစ်လိုက်တာ"

ကိုဇွဲလက်မောင်းကိုဖက်ပြီး ခဏငြိမ်နေမိတော့ ကိုဇွဲက ချစ်ခြင်းရဲ့ဝမ်းနည်းမှုကိုခံစားမိပုံဖြင့် ခေါင်းလေးကိုဖွဖွပွတ်သပ်ကာ ဘာစကားမှမပြောချေ။
USမှာ ချစ်ခြင်းတစ်ယောက်တည်းနေခဲ့သည်မှာ မခြယ်အိမ်ထောင်ကျကတည်းကဖြစ်ပြီး ခါတိုင်းလည်း သွားလိုက်ပြန်လိုက်လုပ်နေခဲ့ကာ အခုမှ ဘာကြောင့်ဝမ်းနည်းနေမိသလဲမသိ။
ဧကန္တ…

"လေယာဥ်ထွက်တော့မှာ ကြေညာနေပြီ ညီမလေး"

"ဟုတ် ချစ်ခြင်းရောက်ရင် ဖုန်းဆက်လိုက်မယ်နော် ညနက်တဲ့အထိလည်း အလုပ်တွေမလုပ်နဲ့ဦး ခြေထောက်ကိုလည်းခိုက်မိမယ် ကားမောင်းရင်သတိထားပြီးမောင်း ပြီးတော့.."

"ကဲပါ သိပါတယ် အဘွားကြီးအိုပေါက်စလေးရယ် ညီမလေးသာ ကိုယ့်ကိုယ်ကိုဂရုစိုက် သွားတော့"

"ဟုတ်"

ချစ်ခြင်းခေါင်းလေးညိတ်ပြလိုက်ပြီး luggageကိုဆွဲကာ ထွက်လာခဲ့ကာ စစ်ဆေးရေးဂိတ်ကိုရောက်တော့ တစ်ခါပြန်လှည့်ကြည့်မိပြန်သည်။
ခပ်ဝေးဝေးမှာ ရပ်ကျန်ခဲ့သည့်ကိုဇွဲက ချစ်ခြင်းကိုလက်ပြနေ၍ ပြန်ပြုံးပြလိုက်ကာ ပတ်ဝန်းကျင်ဆီကို အကြည့်တစ်ချက်ဝေ့မိသည်။
သူ မလာဘူးလား..
ချစ်ခြင်းပြန်တော့မှာကို သူမသိဘူးလား။

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now