18

10.9K 461 13
                                    

🎀 Part - 18 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

အိမ်မှာ စဝ်ခွန်မိုင်းရှိနေ၍ ဆည်းဆာတို့နှင့်လာနေရကာ ချစ်ခြင်းကိုခြေရာခံနေသည်ဆို၍ အပြင်ထွက်ခွင့်မရ။
တိုက်ခန်းထဲအောင်းနေရတာ ပျင်းရိပေမယ့် ကိုဇွဲရဲ့စကားကို ဆက်ဆက်နားထောင်ရမှာမို့ အပြင်မထွက်ဘဲ ငြိမ်ကုပ်နေလိုက်သည်။

"ချစ်ခြင်းရယ် ဒီတိုက်နားလေးတော့ သွားချင်သွားလို့ရမှာပါ အောက်မှာ မာလာရှမ်းကောဆိုင်ဖွင့်ထားတယ် ခဏဆင်းရအောင်လေ"

"ကိုဇွဲက အပြင်မထွက်ဖို့မှာထားတယ်"

"အဲ့ဒါတော့အဲ့ဒါပေါ့ ဒီဆိုင်က တိုက်အောက်မှာလေ ဘယ်သူမှမမြင်ပါဘူး လမ်းဘက်ကိုကျောပေးပြီး ထိုင်ပေါ့"

ဟန်လုပ်ငြင်းနေမိပေမယ့် သူတို့ပြောတာလည်းဟုတ်နေ၍ ချစ်ခြင်းခေါင်းလေးညိတ်ကာ ၄ယောက်သား အောက်ဆင်းလာခဲ့ကြသည်။
မြေညီထပ်မှာဖွင့်ထားသည့်ဆိုင်မို့ ချစ်ခြင်းအတွက် အဆင်ပြေသွားကာ လမ်းဘက်ကိုကျောပေးထား၍ ဘယ်သူမှလည်းမြင်မှာမဟုတ်။
တကယ် အဆင်ပြေတာပဲ…

"နင်တို့ သင်တန်းမသွားကြဘူးလား"

"ဒီနေ့ပိတ်ရက်လေ မနက်ဖြန်တော့သွားစရာရှိတယ်"

"နင်တို့သွားရင် ငါပဲကျန်ခဲ့မှာပေါ့ ဟွန့်.. ဟိုလူကြီးကလည်း မပြန်နိုင်ဘူးသိလား မုန်းလိုက်တာ"

"ဘယ်လူကြီးလဲ"

"ကိုဇွဲရဲ့မိတ်ဆွေပေါ့ ရှမ်းလူမျိုးထင်တယ် ငါ့ကိုကြည့်ရင်သိပ်မုန်းဖို့ကောင်းတာပဲ ကိုဇွဲရှိနေတာတောင်"

"Aww ဒါကြောင့် နင် ဒီကိုရောက်လာတာကိုး"

ချစ်ခြင်းခေါင်းလေးညိတ်ပြလိုက်ပြီး ဖုန်းကိုတစ်ချက်ကြည့်မိသည့်အခါ ဟိုအချေမင်းသားကို သတိရသွားမိသည်။
တစ်ပတ်ကျော်လောက် ဖုန်းဆက်မရမှာသေချာနေ၍ တိုက်ခန်းကိုများလာရှာသလားဟု စိတ်ထဲတွေးမိကာ လေသံကိုနှိမ့်ပြီး…

"ဟိုဆိုင်ကယ်နဲ့အချေမင်းသား ငါ့ကိုလာရှာသေးလား"

"မတန်မရာတွေပါဟယ် ဘာလို့လာရှာမှာလဲ စိတ်ကူးယဥ်လွန်းတယ်"

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now