Part-35 U&Z

908 28 5
                                    

<Unicode>
နောက်တစ်နေ့ နံနက်ခင်း...

ဒီနေ့တော့ အရင်နေ့တွေ‌နှင့်မတူ နိုးထလာရတာ စိတ်ကြည်လင်နေသည်။ အပူ‌အချို့ ငြိမ်းသွားလို့လားမသိ အရမ်းကြီး မပူလောင်တော့ပေ...

ခါတိုင်းနေ့တွေနှင့်မတူ မလုပ်မိတဲ့ အလေ့အကျင်လေးတစ်ခုပါ လုပ်မိနေသည်။ ဒါကတော့ ဖက်လုံးဘေးက အိပ်ရာလေးကို စမ်းနေမိခြင်း..

လစ်ဟာနေတဲ့ အိမ်ရာခင်းကြောင့် အသက် အနည်းငယ် စိတ်တိုသွားမိသည်။

ဒီကောင် အစောကြီးရှိသေး အလုပ်သွားပြီလား ?!...

ဘာရယ်မသိ နိုးထလာသည်နှင့် အရင်ဆုံးမြင်ချင်သည့် မျက်နှာလေးက ထို လူဆိုးကောင်ရဲ့ အညိုရောင် မျက်နှာချောချော ဖြစ်လို့နေသည်။ ထိုအရာကိုဘဲ မသိစိတ်က တောင်းတနေမိတာ အကြိမ်ကြိမ်အခါခါ။

အခုတော့ မြင်ချင်ရတဲ့ မျက်နှာလေး မြင်ခွင့်မရတော့ စိတ်တောင် ကောက်ချင်သွားသည်။

တစ်ချိန်ထဲမှာဘဲ စိုးရိမ်စိတ်ကလေးနှင့်အတူ ကြည်နှုးမှု့လေးပါ ခံစားမိသွားသည်။ အရာရာထက် ကိုယ့်ကို ဦးစားပေးခံရတော့လဲ ဘဝင်မြင့်ချင်သလိုလို။

ဟင်း မင်းသာ ငါ့ကို ခိုးမပြေးခဲ့ရင် ငါသာ မင်းကို အချိန်နည်းနည်းစောပြီး ဝန်ခံခဲ့မိရင် အခြေအနေတွေ ပြောင်းလဲနေမလား။ ဘယ်လိုပင် ပူပင်သောကတွေ များနေပါစေ၊ ဘယ်လိုပင် လမ်းတွေပျောက်နေပါစေ ဘေးနားမှာ မင်းရှိသည် ဆိုတဲ့ အသိက ငါ့ကို ပျော်ရွှင်စေတယ်ဆိုတာကတော့ မပြောင်းလဲတဲ့ အမှန်တရားပါ..

ကဲပါလေ မျက်လုံးနှစ်လုံးပွင့်တာနဲ့ အရင်ဆုံးတွေးမိတဲ့ လူဆိုးကောင်အကြောင်းကို ခဏ ရပ်ထားပြီး အိပ်ရာသိမ်းစရာရှိတာ သိမ်းပြီး မျက်နှာသစ်လိုက်သည်။ ပြီးတော့ ထိုကောင်လေး ပြင်ဆင်ပေးခဲ့တဲ့ မနက်စာကို စားလိုက်သည်။

မုန့်တီသုပ်လေးကို ကြက်သွန်၊ နံနံမထည့်ဘဲ ဆီပါးပါး၊ ငရုတ်သီးပါးပါးနှင့် ပြင်ပေးထားတာ။ တကယ် အသက်ကြိုက်တက်တာလေးတွေကို ဘယ်အချိန်ကတည်းက မှတ်ထားတယ်မသိ...

အသက်လဲ မိမိကြိုက်တဲ့ မုန်မို့ စားလိုက်တာ တစ်ပွဲလုံး ခဏလေးအတွင်း ကုန်သွားသည်။ မနက်စာ စားပြီး အသက် မေ့နေတဲ့ အရာတစ်ခုကို သတိရလိုက်သည်။ ထိုအရာက မနေ့ညက အသက်တောင်းဆိုထားတာကို ရိုးမြေ လုပ်ပေးခဲ့လားဆိုတာ။

ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)Where stories live. Discover now