Part-38 U&Z

2.4K 35 7
                                    

<Unicode>
အချိန်အားဖြင့် နံနက်(၈) နာရီ.....

မှေးစင်းနေတဲ့ မျက်လုံးများကို ဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်တဲ့အခါ အရင်ဆုံးမြင်ရတာဟာ ထန်းလတ်များဖြင့်မိုးထားသော ခေါင်းမိုးလေး.....

ကျေးငှက်လေးများ တကျီကျီမြည်သံနှင့်အတူ ထရံပေါက်များမှ ထိုးဖောက်လာသော နေရောင်ခြည်နွေးနွေးတို့ကြောင့် နေမြင့်နေပြီဆိုတာ အသက်သိလိုက်သည်...

တစ်ခါမှ အခုလောက်ထိ နေမြင့်အောင် မအိပ်ခဲ့ဘူးပါ။ မနေ့ကတော့ ပင်ပန်းလွန်းပြီး အိပ်ပျော်သွားမိတာ အခုမှ နိုးလာခဲ့ခြင်းပင်။ စိုးရိမ်မှု့များနှင့်အတူ ထွက်ပြေးလာခဲ့ကြပြီး နောက်ဆုံးတော့ အသက်တို့ရဲ့နေရာ အသစ်လေးကို ရောက်ခဲ့ကြပြီဖြစ်သည်။ ဘယ်ရွာကိုရောက်နေတယ်မသိရပေမဲ့ အရင်နေခဲ့တဲ့ နေရာ ထက်ပိုပြီး လူနေကျဲတဲ့နေရာ ဖြစ်မယ်ဆိုတာ သေချာသည်။ ဘာလို့ဆို ကျေးငှက်ကလေးတွေရဲ့ တွန်မြည်သံတွေကပိုပြီး ကျယ်လောင်စွာ ကြားနေရလို့ပင်။

တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်ကို အသက်ပိုပြီး သဘောကျမိသည်။ လေလေးတဖြူးဖြူးတိုက်ကာ ငှက်ကလေးများနှင့်အတူ နိုးထလာရခြင်းမှာ ကြည်နှုးစရာ အတိပါ။ သို့ပေမယ့် အသက် အပြည့်အဝ မသာယာနိုင်ပါ။ အကြောင်းမှာ ကောက်ရိုးအပြည့်တင်လာသည့် ထော်လာဂျီအပေါ် လိုက်လာခဲ့ကြပြီး ဒီအိမ်လေးကို ညမှောင်မှ ရောက်ခဲ့ကြတာမို့ အသက်တို့ ရေမချိုးဘဲ ဒီအတိုင်းသာ အိပ်ခဲ့ကြသည်။ ညကတော့ ပင်ပန်း လွန်းနေကြပြီး ဘာမှ သိပ်မခံစားရပေမဲ့ အခုတော့ ယားသလိုလို ခံစားနေရသည်။ တောလမ်းတလျှောက်ပြေးလာတဲ့ ဒဏ်ကလဲ အခုမှ တိုးပြီး ခံစားနေရသလို။ ပိုဆိုးတာက ဝါးလုံးလေးများကန့်ကာ ထိုးထားတဲ့စင်ပေါ်မှာ ဖျာကြမ်းကလေးတစ်ထည်သာ ခင်းထားသောကြောင့် ကျောတွေလဲ အနည်းငယ် နာနေသည်။ အသက်တောင် နာတယ်လို့ ခံစားနေရတာ ရိုးမြေဆို ပိုဆိုးရောပေါ့။ တစ်ညလုံး အသက်ကို သူ့ရင်ဘက်ပေါ်တင်ပြီး တင်းကျပ်နေအောင် ဖတ်ပြီး အိပ်ခဲ့တာလေ။ အသက် ကျောတွေနားမှာဆိုးလို့တဲ့။ အဆိုးလေး စကားကို အသက်မလွန်ဆန်နိုင်တာမို့ သူ့စကားကိုသာ နားထောင်ပြီး အဆိုးလေး ရင်ခွင်ထဲ အေးချမ်းစွာ အိပ်စက်ခဲ့သည်။ 

ရိုးမြေကျ ချစ်မယ့်ကောင် (Season-1)Where stories live. Discover now