Chapter 11 (U)

2.5K 499 15
                                    

T/N wine ဖြစ်လိုက် alcohol ဖြစ်လိုက်နဲ့မို့ သေရည်လို့သာ သုံးလိုက်ပါတယ်နော် chineseလည်းနားမလည်တာမို့ mtlကနေဘာသာပြန်တာပါ အဲ့ဒါကြောင့် အမှားတွေများရှိရင်လည်း ထပ်ပြီးတောင်းပန်ထားပါရ‌စေနော်🥺

သေရည်ခွက်ထဲသို့ ပြန်ဝင်ခြင်းသည် ပြန်ထွက်ခြင်းထက်ပို၍ ခက်ခဲလှသဖြင့် ဖန်းချောင်ကျိုးမှာ ခွက်ပေါ်တွင် တွဲလောင်းဖြစ်နေလေ၏။

သူ့ဘေးရှိ ဂိုဏ်းချုပ်လင်းက ရယ်မောရင်း "ကျုပ်က စိတ်ဝိညာဉ်ကို အဆင့်မြင့်အောင်လုပ်ထားတာကြောင့် လူတွေရဲ့ မျက်လုံးတွေကိုကြည့်ရုံနဲ့ အဲ့ဒီလူရဲ့ဉာဏ်ရည်ဘယ်လောက်ထိရှိလဲသိနိုင်တယ် ဒါပေမယ့် ဒီမြွေလေးကသိပ်မြင့်တာ မဟုတ်ဘူး သနားစရာပဲ"

သူ့ရဲ့ ဉာဏ်ရည်ကိုမေးခွန်းထုတ်ခံလိုက်ရကြောင်း ဖန်းချောင်ကျိုးကြား‌သော်ခွက်ထဲသို့ဆက်မတက်တော့ပေ။

မေ့လိုက်တော့ ငါခွက်ထဲရောက်သွားရင်လည်း မူးနေမှာ ဒီတိုင်းလေးပဲနေတော့မယ်

ဖန်းချောင်ကျိုးသည် သေရည်ခွက်ပေါ်တွင် ရိုးရိုးသားသား တွဲလဲခိုထားသည်ကို မြင်လိုက်ရသည်နှင့် လီယီးရဲ့က သူ့ကို လျစ်လျူရှုပြီး အောက်ရှိ ပျိုနီပန်းများအလှဆင်ထားသည့်ပြိုင်ပွဲကွင်းကို တည့်တည့်စိုက်ကြည့်လိုက်သည်။ သူ့ဘေးရှိ ဂိုဏ်းချုပ်လင်းပင် ထိုတောက်လောင်နေသော မျက်လုံးများကို သတိပြုမိသော်လည်း ဘာမှမပြောဘဲ သေရည်ခွက်ပေါ်တွင် တွဲလောင်းဖြစ်နေသော ဖန်းချောင်ကျိုးကို တူလေးတစ်ချောင်းဖြင့် စနောက်နေလေသည်။

ဂိုဏ်းချုပ်လင်းသည် ဖန်းချောင်ကျိုး၏ ခေါင်းကို တို့ရန် တူလေးတစ်ချောင်းကိုင်ထားသည်။ဖန်းချောင်ကျိုးသည် ထိုတူလေးကို လိုက်ကိုက်နေသဖြင့် ဂိုဏ်းချုပ်လင်းသည် တူအား မြှောက်လိုက် ချလိုက် လုပ်နေ၏။ကြိမ်ဖန်များစွာ လုပ်ပြီးသောအခါ ဖန်းချောင်ကျိုးသည် သေချင်ယောင်ဆောင်နေသဖြင့် ထပ်မစတော့ပေ။

ဂိုဏ်းချုပ်လင်းသည် အနှီမြွေလေးအား စိတ်ဝင်တစားရှိနေဆဲဖြစ်ပြီး သူ၏တူများကို ဖယ်ကာ သူ့ဘေးနားရှိ နှင်းဝိဥာဉ်အသီးအနှံများဖြင့် ကျီစယ်ရန်ပြင်လေသည်။ နှင်းဝိညာဉ်သစ်သီးသည် ကမ္ဘာပေါ်တွင် အလွန်ရှားပါးသော ဝိညာဉ်အသီးတစ်မျိုးဖြစ်သည်။ ၎င်းသည် တန်ဖိုးမြင့်သော်လည်း ဈေးကွက်ထဲတွင်ရောင်းချခြင်းမရှိပေ။ဖန်းချောင်ကျိုးသည် ထိုအသီးကို သဘောကျနေသည်မှာ ကြာလှပြီဖြစ်သော်လည်း ၎င်းကို တစ်ခါမျှ မမြည်းစမ်းဖူးပေ။နှင်းဝိညာဥ်သီးကို ကိုင်ထားသည့် ဂိုဏ်းချုပ်လင်း၏ လက်များနောက်သို့ သူ၏ခေါင်းမှာ လိုက်မစောင်းပဲမနေနိုင်တော့ချေ။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now