Chapter 45.2(U)

1.5K 341 21
                                    

သူ၏မျက်နှာအားဖန်းချောင်ကျိုးမှဆွဲညှစ်လိုက်ခြင်းကြောင့် ရွှယ်သမ်းရုန်၏ ခန္ဓာကိုယ်သည် သိသိသာသာ တောင့်တင်းလာခဲ့သည်။ သူသည် ရှေ့တွင်ရှိနေသော ဖန်းချောင်ကျိုးကိုကြည့်ကာ အိပ်ရာ၏ဘေးဘက်သို့ရွှေ့သွား၏။သို့သော် ဖန်ချောင်ကျိုးမှာ ရွှယ်သမ်းရုန်ဘက်သို့မှီပြီး ထပ်မံညှစ်လိုက်ပြန်၏။

ရွှယ်သမ်းရုန်မှာ သူ့အား ရုန်းကန်ခြင်း ရှောင်ဖယ်ခြင်းမဟုတ်ဘဲ ပုန်းနေရုံသာဖြစ်ကြောင်း သိနေ၏။ ဖန်းချောင်ကျိုးမှာ ကိုယ့်ကိုယ်ကိုမထိန်းနိုင်တော့ဘဲ ရွှယ်သမ်းရုန်၏မျက်နှာအား အကြိမ်များစွာဆွဲညှစ်နေပြီး စုန်လျန့်ရီ၏ချောင်းဆိုးသံကြားမှသာ ရပ်တန့်လိုက်တော့သည်။

ဖန်းချောင်ကျိုးသည် နံရံဆီသို့ လုံးလုံးလျားလျား ဖိခံထားရသော လူငယ်လေးကို ကြည့်ပြီး‌နောက်၊ သူ၏ အပြစ်ရှိသော လက်ကို ကြည့်လိုက်သည်။

အပြစ်ကြီး၊ တကယ်ကိုအပြစ်ကြီးလုပ်မိတာပဲ၊

ဖန်းချောင်ကျိုးသည် မိမိကိုယ်ကို အပြစ်တင်ကာ လဲလျောင်းလိုက်သည်။ ထို့နောက် ထပ်၍ အပြစ်ကျူးလွန်ခြင်းမျိုး မဖြစ်အောင် တားဆီးရန် ရွှယ်သမ်းရုန်အားကျောပေးထားလိုက်သည်။

သူ၏ မသင့်တော်သောအပြုအမူကြောင့် ရွှယ်သမ်းရုန်မှာထိတ်လန့်သွားပုံရကာ အနားသို့ မကပ်လာတော့ပေ။ ထိုသို့ဖြင့် ဖန်းချောင်ကျိုးမှာ မိုးလင်းသည် အထိ အိပ်ပျော်သွားခဲ့သည်။ နိုးလာသောအခါ  အိပ်ရာထဲ၌ သူတစ်ဦးတည်းသာရှိနေ၏။

ဖန်းချောင်ကျိုးသည် ခေတ္တထိုင်နေပြီးနောက် ဝတ်ရုံကို ဝတ်ကာ အိပ်ရာမှ ထလိုက်သည်။ရွှယ်သမ်းရုန် အခန်းထဲတွင်မရှိသောကြောင့် ဖန်းချောင်ကျိုးမှာကွပ်ပျစ်ဆီသို့လျှောက်သွားသည်။ ကလေးအဖြစ်သို့ ပြောင်းလဲသွားသော စုန့်လျန်ရီသည် အလွန်အမင်း အိပ်မောကျနေပုံရပြီး မနိုးသေးပေ။

ဖန်းချောင်ကျိုးသည် စုန့်လျန်ရီအား စိုက်ကြည့်ပြီး ချီမလိုက်၏။မိမိသည်လည်း ရေချိုးချင်နေပြီဖြစ်ရာ စုန့်လျန်ရီအား သူနှင့်အဝေး၌ထား၍မရသဖြင့် ရေချိုးမည့်နေရာသို့ ခေါ်သွားရပေတော့မည်။

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now