TSOSC - 7

325 41 6
                                    

Unicode

~*~*~~~ The cry of a child ~~~*~*~

"ရိ​ပေါ် ... မဆိုးရဘူး​လေ"

အမျိုးသား​ရှေ့မှာ က​လေးငယ်​တစ်​ဦးကို​ချော့​နေရတဲ့မိခင်​တစ်​ဦး။ သူမရဲ့က​လေးငယ်​ကသိပ်​ဆိုးတယ်​။ သူမမှာ ချမ်းသာကြွယ်​ဝခြင်း​တွေရှိတယ်​။ လိုချင်​တောင်းတသမျှ​တွေရတယ်​။ တစ်​ခုပဲ။​ငွေနဲ့​ပေးဝယ်လို့မရတဲ့အရာကိုမှ​တောင်း​နေခဲ့ပြီဖြစ်​တဲ့ သူမရဲ့သား​။

"အလိုလိုက်​ထားလို့မဆိုးနဲ့ ရိ​ပေါ်"

​ခြောက်​နှစ်​သား​လေးဝမ်​ရိ​ပေါ်က သိပ်​ကိုအငိုသန်​တယ်​။ သူဒါလိုချင်​တယ်​ဆိုရင်​ထိုအရာက သူ့​ရှေ့ကို ချက်​ချင်း​ရောက်​လာမှသ​ဘောကျတဲ့က​လေးငယ်​ဟာ ယခု​တော့သူလိုချင်​တာကို​တောင်းဆိုရင်း ငို​နေခဲ့ရသည်​က အချိန်​အားဖြင့်​လေးနာရီ​တောင်​ကြာမြင့်​ခဲ့ပြီ။ နီရဲ​နေခဲ့တဲ့မျက်​လုံး​တွေ။ တချိန်​လုံး​အော်​ဟစ်​ထားရတာ​ကြောင့်​ပျောက်​သွားပြီဖြစ်​တဲ့သူရဲ့ချိုသာလွန်းတဲ့အသံ။ မျက်​ရည်​တွေရွှဲနစ်​နေခဲ့တဲ့ပါးနုနု​လေးနှစ်​ဖက်​။

"က​လေးလိုချင်​တာကိုဝယ်​ပေးလိုက်​ပါလား" သိပ်​ကိုတင်းမာ​နေတဲ့အသံနဲ့ အမျိုးသားတစ်​ဦးကဝင်​ပြောတယ်​။

က​လေးငယ်​လေးကို​လေးနာရီလုံးလုံးမနားမ​နေ​ချော့​နေခဲ့ရတဲ့သူမက ထိုအမျိုးသားကိုကြည့်​ပြီး​အော်​ဟစ်​လိုက်​ချင်​ပေမဲ့ သူမတတ်​နိုင်​သ​လောက်​ဒေါသကိုထိန်းကာ​လေသံခပ်​အေး​အေးနဲ့ဆိုတယ်​။
"ဝမ်​ဥက္ကဌ ... အခုရိ​ပေါ်​လေး​တောင်း​နေတာဘာလဲသိလား"

ထိုသူကအလုပ်​တွေရှုပ်​နေတဲ့ကြားက မျက်​လုံးပင့်​ကြည့်​တယ်​။ သူ့ဇနီးသည်​ရဲ့စကားကို နား​ထောင်​ပေးဖို့အဆင်​သင့်​ဖြစ်​နေပုံရပြီး လိုအပ်​လာရင်​သူ့အိတ်​ထဲက​ငွေ​ကြေးတစ်​စုံတစ်​ရာကိုထုတ်​ပေးဖို့ကိုလည်းပြင်​ဆင်​ထားပြီးပြီ။

"သားက ... သားက သူ့သူငယ်​ချင်းကို အရုပ်​တစ်​ရုပ်​ဝယ်​ခိုင်းသလို ဝယ်​ခိုင်း​နေတာဝမ်​ဥက္ကဋ္ဌကြီးရဲ့ ... အဲ့က​လေးကိုသွားခိုးလို့ရရင်​တောင်​ကျွန်​မသွားခိုး​ပေးလိုက်​ချင်​တယ်​... ဒါ​ပေမဲ့ ရှင့်​သားရဲ့အကျင့်​ကို သိလား ... အရုပ်​တစ်​ရုပ်​ကို သုံး​လေးရက်​လောက်​ဆော့ပြီးရင်​ပစ်​ထားလိုက်​ရော ... အခုသူ​တောင်း​နေတာအရုပ်​မဟုတ်​ဘူးရှင်​ရဲ့ ... သွား​တောင်းပြီး​မွေးစားလို့ရရင်​တောင်​ရှင့်​သားကသုံး​လေးရက်​ထက်​ပိုပြီးအတူ​ဆော့ချင်​တော့မှာမဟုတ်​ဘူး"

The Sound of someone cryingWhere stories live. Discover now