TSOSC - 9

229 36 13
                                    

Unicode

နား​ထောင်​နေခဲ့တဲ့သီချင်းက Péng yŏu.
ဝမ်​ရိ​ပေါ်က ဒီသီချင်းကို မူလတန်းအရွယ်​မှာစကြိုက်​တယ်​။ အလယ်​တန်းကို​ရောက်​တော့​ရှောင်းကျန့်​ကိုနား​ထောင်​ခိုင်းဖူးတယ်​။​ရှောင်းကျန့်​က​တော့သာမန်​ကာလျံကာပဲ​နား​ထောင်​ပြီး​"​ကောင်းတယ်​"လို့​ပြောပါတယ်​။​ရှောင်းကျန့်​ရဲ့မျက်​နှာကိုသူဖတ်​ရသ​လောက်​တော့ ဒီသီချင်းကို​ရှောင်းကျန့်​ကမကြိုက်​လောက်​ဘူးလို့သူထင်​တယ်​။ ထိုအချိန်​ကစလို့ သူလည်း​မေ့​မေ့​ပျောက်​ပျောက်​ပဲထားလိုက်​တယ်​။ ဖုန်းထဲကသီချင်းကိုဖြတ်​တယ်​။ တီးလုံးသံခပ်​ဆင်​ဆင်​ပါတဲ့သီချင်း​တွေကို​တောင်​သူနားမ​ထောင်​တော့ဘူး။ မူရင်း​ခွေကိုရိုက်​ချိုးပါတယ်​။ ဝမ်​ရိ​ပေါ်အိမ်​ကလူ​တွေက​တော့ ဝမ်​ရိ​ပေါ်သ​ဘောကျပြုမူ​စေခဲ့တယ်​။ အိမ်​ကိစ္စ​တွေနဲ့​ခေါင်းပူ​နေခဲ့တဲ့​ကောင်​လေးက လက်​တွေ့မှာအဆင်​ပြေ​အောင်​နေရင်း သီချင်း​တွေကိုအာရုံမစိုက်​ခဲ့တာကို ဝမ်​ရိ​ပေါ်မသိခဲ့တာက​တော့နာပါတယ်​။

လိုင်းကား​ပေါ်အတူထိုင်​ရတဲ့​နေ့ကသိပ်​ကိုရှားတဲ့အတွက်​အတူထိုင်​ရတဲ့​နေ့တချို့ကို​တော့ဝမ်​ရိ​ပေါ်မှတ်​မိပါတယ်​။ ဝမ်​ရိ​ပေါ်​ဘေးနားမှာထိုင်​နေခဲ့တဲ့​ရှောင်းကျန့်​က နားကျပ်​နှစ်​ဖက်​ကိုတပ်​ထားပြီး ဖြတ်​သွားဖြတ်​လာပတ်​ဝန်းကျင်​ကိုကား​ပေါ်က​နေ​ငေး​မော​နေခဲ့တယ်​။ သူ့ရဲ့ဘယ်​ဘက်​မှာထိုင်​နေခဲ့တဲ့​ရှောင်းကျန့်​ရဲ့ကိုယ်​နံ့ကိုခိုးရှူခွင့်​ရ​အောင်​ရှောင်းကျန့်​ရဲ့ဘယ်​ဘက်​ကနားကျပ်​ကိုသူလှမ်းဖြုတ်​လိုက်​ပါတယ်​။ နားကျပ်​ဖြုတ်​နေတဲ့ကြားကာလမှာ​ရှောင်းကျန့်​ရဲ့လည်​တိုင်​ကိုသူရ​အောင်​ခိုးနမ်းလိုက်​ပါ​သေးတယ်​။ သူ့ရဲ့လက်​ရဲမှုကို​ရှောင်းကျန့်​ကဒီတကြိမ်​တော့ခွင့်ပြုထားပုံရတယ်​။ သူ့ကိုရိုက်​လည်းမရိုက်​ဘူး လှည့်​လည်းမကြည့်​ဘူး။​ရှောင်းကျန့်​ရဲ့နားကျပ်​ကို သူ့ရဲ့ဘယ်​ဘက်​နားမှာတပ်​လိုက်​တဲ့အခါ သူ​မေ့​မေ့​ပျောက်​ပျောက်​ဖြစ်​သွားတဲ့သီချင်းကို​ရှောင်းကျန့်​ကနား​ထောင်​နေ​ကြောင်းကိုသူသိလိုက်​ရပါတယ်​။ ဝမ်​ရိ​ပေါ်ရဲ့နှလုံးသားကခုန်​လှုပ်​သွား​ပေမယ့်​ရှောင်းကျန့်​က​တော့သိပုံမရပါဘူး။ ဘာ​တွေ​တွေး​နေမှန်းမသိရတဲ့​ရှောင်းကျန့်​က မှန်​တံခါးတဖက်​ကလမ်း​တွေကို​ငေးပါတယ်​။

The Sound of someone cryingWhere stories live. Discover now