TSOSC - 10

216 36 21
                                    

Unicode

​လေး​လေးနက်​နက်​ကြည့်​တတ်​လွန်းတဲ့ မျက်​ဝန်း​တွေကိုမှ ဝမ်​ရိ​ပေါ် ချစ်​ခဲ့ဖူးတယ်​။ သူ့အတွက်​တော့မဟုတ်​ဘူး။ သူ့အတွက်​ဆိုရင်​ရှောင်းကျန့်​ရဲ့မျက်​ဝန်း​တွေက ဘယ်​သောအခါမှာဖြစ်​ဖြစ်​နွေး​ထွေးမှုမရှိဘူး။​ရှောင်းကျန့်​က တခြားလူ​တွေကို မျက်​လုံး​တွေမှိတ်​တဲ့အထိရယ်​ပြတတ်တ​ယ်​။ အရမ်းပင်​ပန်း​နေရင်​တောင်​ရှောင်းကျန့်​ကအားယူပြီးရယ်ြ​ပတတ်​တယ်​။ သူအတွက်​ကျမှ ဘာလို့ထိုမျက်​ဝန်း​တွေကမ​နွေး​ထွေးရတာလဲ ဝမ်​ရိ​ပေါ်မသိဘူး။​ရှောင်းကျန့်​ရဲ့အပြုံး​တွေ၊ ရယ်​မောခြင်း​တွေက ဝမ်​ရိ​ပေါ်အတွက်​မဟုတ်​သလိုပဲ။ သိခဲ့ကြတာ တခြားသူများ​ထက်​အရင်​။​အေးစက်​လွန်းသည်​ကလည်း တခြားလူ​တွေထက်​ပိုတယ်​။

တခါတ​လေမုန်းပစ်​လိုက်​ချင်​မိတာအမှန်​ပါ။ ဝမ်​ရိ​ပေါ်အပြစ်​နည်းနည်း​လေးလုပ်​ရင်​တောင်​အော်​တတ်​တဲ့​ရှောင်းကျန့်​က တခြားလူအတွက်​ကျ​တော့​ဆေးပုလင်းချိတ်​ရတဲ့အထိသည်းခံတယ်​။

ကျန်း​ရှောင်းကို ဝမ်​ရိ​ပေါ်သွား​တွေ့ခဲ့တယ်​။

"မင်းသ​ဘောကျတဲ့လူကို မင်းမသနားဘူးလား"
ဝမ်​ရိ​ပေါ်​မေးတဲ့အခါ ကျန်း​ရှောင်းကရယ်​ပါတယ်​။
"ငါသူ့ကိုဘာမှမလုပ်​ခိုင်းထားဘူးရိ​ပေါ် ... ပြီး​တော့ သ​ဘောကျတာကကျတာပဲ ... တခါတ​လေသူကစိတ်​ပျက်​ဖို့​ကောင်းတယ်​... ဒါကိုမင်းလည်းသိတာပဲ"

"အနည်းဆုံး​တော့မင်းတာဝန်​မင်းယူသင့်​တယ်​လေ ... သူကစိတ်​ပျက်​ဖို့​ကောင်းတယ်​ဆိုရင်​တောင်​... မင်းမှာလူစိတ်​တော့ရှိသင့်​တယ်​မဟုတ်​ဘူးလား"

"လူစိတ်​??? အဲ့စကားလုံးက​တော်​တော်​စိတ်​ပျက်​ဖို့​ကောင်းတာပဲ ... ငါသူ့ကိုသ​ဘောကျတယ်​ငါသူ့ကိုဦး​ဆောင်​ချင်​တယ်​... သူကဥာဏ်​မ​ကောင်းဘူး ... self study​တွေလုပ်​ရတာ ငါ့ကိုယ်​တွေ့ပဲ ... ဒါ​ပေမဲ့ သူကဇွဲရှိတယ်​... ငါလူစိတ်​ရှိလိုက်​ရင်​... သူငါ့ကို​ကျော်​တက်​သွားလိမ့်​မယ်​... ၂၂၄ / ၂၂၇ ... ၂၄၆ / ၂၄၉ ... ဥာဏ်​မ​ကောင်းဘူး ပြီး​တော့ ပင်​လည်းပင်​ပန်း​နေတယ်​... ဒါ​တောင်​... ငါ့ကိုအဲ့​လောက်​ကပ်​လိုက်​လာ​နေတာ ငါမ​ကြောက်​ရဘူးလား ... ငါ beijing တက္ကသိုလ်​ကိုမှန်းတယ်​... တကယ်​လို့ သူ ရှန်​ဟိုင်းတက္ကသိုလ်​ကိုပဲရရင်​တောင်​ငါ​ကျောင်း​ပြောင်း​လျှောက်​လို့ရမယ်​... အဲ့ကျမှ ငါသူ့ကို​သေချာလိုက်​တော့မယ်​... ငါမငယ်​တော့ဘူးရိ​ပေါ် ... မင်းစကားနား​ထောင်​မိတဲ့အထိ ငါမငယ်​ရွယ်​တော့ဘူး ... 'မင်းအချစ်​ဦးကဘယ်​သူလဲ´ ... '​ရှောင်းကျန့်​´ ... 'ငါသူ့ကိုကြိုက်​နေတာ မင်း​တခြားတစ်​ယောက်​ကို​ပြောင်းကြိုက်​´ ... 'ဒါဆို အတန်းထဲကအ​ချောဆုံး​ကောင်​မ​လေး ပိုင်​ယန်း´ ... ဟား ဟား ... ပြန်​စဉ်းစားကြည့်​ရင်​ရယ်​ရတယ်​နော်​... ကိုယ့်​ထက်​ငွေချမ်းသာရင်​ပိုအာဏာရှိတယ်​ဆိုတဲ့က​လေးအ​တွေး​လေးတစ်​ခုနဲ့ ငါမင်းစကားကိုနား​ထောင်​ခဲ့မိတယ်​... ငါ့အချစ်​ဦးကို 'ပိုင်​ယန်း´လို့ သူအခုထိထင်​နေတုန်းပဲ ... ဟိုက​လေးမက​ကောင်​လေးတစ်​ယောက်​နဲ့ တွဲ​နေကြပြီဆိုပြီးသတင်း​တွေထွက်​နေတာ​တောင်​သူကဘာ​ပြောလဲသိလား ... 'ဖူးစာပါရင်​ဘယ်​သူနဲ့ပဲတွဲခဲ့တွဲခဲ့​နောက်​ဆုံး ညားမှာပါ´တဲ့ ... ကိုယ့်​အန္တရာယ်​ကိုယ်​မမြင်​တဲ့​ကောင်​လေး​လေ ... သူ​ပြောတဲ့စကားက ငါ့အတွက်​တကယ်လည်းအားဖြစ်​ရပါတယ်​... မင်းနဲ့တွဲခဲ့ရင်​တောင်​ငါနဲ့ညားချင်​ညားမှာပဲ ... ဒါ​ပေမဲ့  အခုပြန်​စဉ်းစားရင်​အခု​နောင်​တရတယ်​... သူ့စိတ်​ထဲ ငါ့အချစ်​ဦးက 'ပိုင်​ယန်း´ လို့ထင်​နေတုန်းပဲ"

The Sound of someone cryingWhere stories live. Discover now