81. မင်းသားရှောင်က အကြွေးပြန်ဆပ်ဖို့ တောင်းဆိုတယ်

80 14 1
                                    

မို့ရွှီတုန်းသည် သူမ၏ လက်ထဲမှ သစ်ကိုင်းကို မှင်တက်စွာ ကြည့်နေသည်။  ဒါကို ပန်းတစ်ပွင့်လို့လည်း ခေါ်နိုင်မလား။ ဖန်ယုလန်၏ အစောကြီး လှုပ်ခတ်မှုကြောင့် အကိုင်းအခက်ပေါ်ရှိ ပန်းပွင့်များသည် ဖျက်ဆီးခံခဲ့ရသည်။  အကိုင်းအခက်ပေါ်တွင် အဝါရောင်ဝတ်ဆံဖိုများနှင့် စုတ်ပြဲနေသော ပန်းပွင့်အနည်းငယ်သာ ကျန်ရှိတော့သည်။  ကြည့်ရတာ သနားစရာပင် 

ဖန်ယုလန်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းသောအခါ နောက်မှလိုက်လာသော ခြေသံများကို မကြားသဖြင့် လှည့်ကြည့်လိုက်သည်။ 

မို့ရွှီတုန်းသည် သူမလက်ထဲမှ သစ်ကိုင်းကို မှိန်းနေသောအကြည့်ဖြင့် ကြည့်နေသည် ။ ဖန်ယုလန်သည် ပျက်စီးနေသော ပန်းပွင့်များဆီသို့ကြည့်ရင်း သူမကို ငေးကြည့်နေလေသည် ။

သူသည် အများအားဖြင့် အရှက်မရှိသော်လည်း အခုတွင် မျက်နှာ နီမြန်းနေခဲ့သည်။  ကံကောင်းထောက်မစွာ မို့ရွှီတုန်း သည် သူ၏ထူးဆန်းသောအပြုအမူကို မတွေ့မြင်နိုင်ပေ။  သူသည် သူမအား စိတ်အားထက်သန်စွာ ချဉ်းကပ်ကာ ပျက်စီးနေသော သစ်ကိုင်းကို သူမ၏လက်မှ ဆွဲထုတ်လိုက်သည်။ 

သူသည် သူမ၏ အံ့သြမှုကို လျစ်လျူရှုကာ သူ့အပေါ်မှ အခြားသစ်ကိုင်းကို ထပ်ဆွဲချလိုက်သည်။  ဤတစ်ကြိမ် သူဆွဲချလိုက်သော ပန်းပွင့်သည် အကိုင်းအခက်များ ကျိုးပဲ့သွားကာ အကိုင်းပေါ်ရှိ အပွင့်များသည် လှပသည်။  ပြီးပြည့်စုံတယ်။  သူက မို့ရွှီတုန်းရဲ့လက်ထဲကို မယဉ်ကျေးစွာ ထပ်ပြီး ပေါ့ပေါ့ပါးပါး ထည့်လိုက်တယ်။ 

"ရုပ်ဆိုးရင် လွှင့်ပစ်လိုက်။ ဒီတစ်ခုယူပြီး ကျုပ်နောက်ကို မြန်မြန်လိုက်လိုက်ပါ။ မင်းအကြွေးပြန်ဆပ်မယ်လိုပြောပြီး ဘာလို့ မင်းက မရိုးသားဖြစ်နေတာလဲ " 

ထို့နောက် သူသည် ကြီးမားသော ခြေလှမ်းများဖြင့် လှည့်ထွက်သွားသည်။

သူက သူမအပေါ် စိတ်ဆိုးနေခဲ့တာ မဟုတ်ဘူးလား ၊ အခု ဘာမှမဖြစ်တော့ဘူးလား ၊ သူက စိတ်ရော မှန်ရဲ့လား?????  

သို့သော် သူ့ကိုကြည့်ရင်း သူမ ဒီနေ့ သူ့နောက် လိုက်ဖို့ကလွဲလို့ ရွေးစရာမရှိဟု ထင်ရသည်။  သူမလက်ထဲက ဇီးသီးပွင့်ကို လှမ်းကြည့်ပြီးနောက် အရှိန်နှေးကွေးစွာ လျှောက်နေသည့် ဖန်ယုလန်ကို သူမကြည့်လိုက်သည်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now