165. ချင်းဖန်ဥယျာဉ်ရှိ စိတ်ဝင်စားစရာဇာတ်ပွဲ

20 7 0
                                    

မို့ရွှမ်မင်သည် ခေါင်းကိုထိရင်း နိုးထလာခဲ့သည်။  သူမ ဘယ်ရောက်နေမှန်း သူမ မသိခဲ့သလို လူတွေရဲ့ အော်ဟစ် အော်ဟစ်သံတွေကို ကြားနေရသည် ။ အရေးပေါ်အခြေအနေတစ်ခုက သူမ၏အာရုံထဲတွင် ပေါ်လာပြီး သူမစိတ် လျင်မြန်စွာ ကြည်လင်လာခဲ့သည်။  သူမ လှည့်ကြည့်လိုက်တော့ သူ့မနောက်က ဆိုဖာကြီးပေါ်တွင် သူမမသိသော လူတစ်ယောက်က အဝတ်အစားတွေဝရုန်းသုန်းကားနဲ့  လဲလျောင်းနေတာကို တွေ့လိုက်ရတယ်။

အောက်ကို ငုံ့ကြည့်လိုက်တော့ သူမအဝတ်အစားတွေကလည်း ထပ်တူထပ်မျှ မသပ်မရပ်ဖြစ်နေတယ် ....

သူမသည် သူ့ကိုယ်သူ သတိအနေအထားသို့ ရောက်သွားခဲ့သည်။  သူမ အရာအားလုံးကို မှတ်မိသည်။  သူမ အစောပိုင်းက မိုစုနှင့် ချင်းဖန်ဥယျာဉ်သို့ လာခဲ့သည်ပင် ။

တိုတောင်းသောလမ်းကို လျှောက်ချင်သောကြောင့် သူမသည် ပို၍ ဆိတ်ငြိမ်သောလမ်းကို လျှောက်သွားခဲ့သည်။
ထိုဖြတ်လမ်းသည် ထွန်းတောက်သော လမ်းမကြီးများထက် များစွာမှောင်နေပါသည်။  သူမသည် ချင်းယုဥယျာဉ်သို့ရောက်သောအခါ ပင်မလမ်းများကို လျှောက်ရန် ရည်ရွယ်ခဲ့သည်။

ယုရန်ချန်က ချင်းယုဥယျာဉ်သည် ယနေ့ကဲ့သို့သော အားလပ်ရက်များတွင် လူများအနားယူရန် ရည်ရွယ်ထားကြောင်း ၎င်း၏စာတွင် ဖော်ပြခဲ့သည်။  ဧကရာဇ်မင်းသည် ပွဲတော်၌ အကြာကြီး ရှိမည်မဟုတ်ပေ ။ ဆိုလိုသည်မှာ ဧကရာဇ်မင်းနှင့် အခြားကြင်ယာတော်များသည် သူနှင့်အတူ လိုက်သွားမည်ဖြစ်ပြီး ကျန်ရှိသောသူများသည် နန်းတော်၌ စိတ်ကြိုက်အနားယူနိုင်သည် ။ နန်းတော်၌ ယနေ့တွင် ဂုဏ်ထူးဆောင်အဖွဲ့ဝင်များစွာရှိသဖြင့် နှစ်သစ်ကူးကာလတွင် သူတို့အနားယူရန် နေရာတစ်ခုရှိရမည်။

နန်းတော်တွင် လူများ အနားယူနိုင်ရန်အတွက် ချင်းယုဥယျာဉ်နှင့် ဆင်တူသော နေရာများကို ပြင်ဆင်ပေးထားခဲ့ပြီးဖြစ်သည်။ မဏ္ဍပ်(ဥယျာဉ်) များတွင် ထူးခြားချက်တစ်ခုရှိသည် ။ ၎င်းတို့အားလုံးကို လမ်းမကြီးနှင့် နီးကပ်စွာ ဆောက်လုပ်ထားသည်။  မဏ္ဍပ်ထဲက မီးပုံးတွေကို ကြည့်ရတာကလည်း စိတ်ဝင်စားစရာတစ်ခုပါပဲ။  ဧကရာဇ်နှင့် သူ၏ကြင်ယာတော်များအတွက် ရည်ရွယ်ထားသော သီးသန့် မဏ္ဍပ်အနည်းငယ်လည်းရှိသည်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWo Geschichten leben. Entdecke jetzt