166. ယုမင်ရုံ၏ အဖုအထစ်များ

19 5 0
                                    

ကြင်ယာတော်ယုသည် နန်းတော်ထဲတွင် ငါးနှစ်ခြောက်နှစ်ကြာ နေခဲ့သည်။  ယခင်နှစ်များတွင် သူမနှင့်ပတ်သက်သော သတင်းများစွာမရှိခဲ့သော်လည်း လွန်ခဲ့သည့်နှစ်နှစ်အတွင်း သူမသည် ဧကရာဇ်ဇုန်ဝမ်၏ချစ်ခင်မှုကို ရရှိခဲ့သည်။  ပုံမှန်အားဖြင့် အေးခဲပြီး ဗလာဖြစ်နေသော ချိုင်ဝေ့နန်းတော်သည် ဧကရာဇ်ဇုန်ဝမ်မကြာခဏ လာရောက်လေ့ရှိသော နေရာတစ်ခု ဖြစ်လာခဲ့သည်။ ထိုနောက်အမျိုးသမီးယု သည် ကြင်ယာတော်ယုဖြစ်လာပြီး ရာထူးများစွာကို တစ်ကြိမ်တည်း ခုန်တက်ခဲ့သည်။

ကြီးမြတ်သောချင်းတွင် ဧကရာဇ်ကြင်ယာတော်ဖြစ်ခြင်းသည် ကြီးစွာသော စည်းမျဉ်းများရှိသည်။  ဧကရာဇ်ကြင်ယာတော်များသည် နန်းတော်ထဲတွင် ဆက်လက်နေထိုင်နိုင်ပြီး လက်ရှိဧကရာဇ်မင်းမြတ် ကွယ်လွန်ပြီးနောက်တွင်ပင် ဧကရာဇ်အသစ်၏ ပံ့ပိုးမှုကို ခံရနိုင်သည်။  သူတို့မှာ သားတစ်ယောက်ရှိရင် သားနဲ့အတူ လွတ်လွတ်လပ်လပ် ခရီးထွက်လို့တောင်ရသည် ။  ဧကရာဇ်ကြင်ယာတော်ဖြစ်လာသည်နှင့် တပြိုင်နက် သူတို့၏ လမ်းကြောင်းသည် သာမာန်မိန်းမလှလေးများထက် တောက်ပနေပေလိမ့်မည်။

ကြင်ယာတော်ယုသည် နှစ်နှစ်အတွင်း အဆင့်ဆယ်ဆင့်သို့ ခုန်တက်ခဲ့ပြီး ဧကရာဇ်မင်းမြတ်က အလွန်ချစ်ခင်နှစ်သက်ခဲ့သည်။  သို့သော် သူမတွင် ကလေးမမွေးနိုင်ခဲ့ပါ။ သူမသည် သူ့၏မောင်လေးကိုသာ အလွန်ချစ်ပြီး သူ့အကြောင်း မကြာခဏ တွေးနေတတ်သည်။  ထို့ကြောင့် သခင်ငယ် ယုမင်ရုံ၏ ပလေးဘွိုင်ဖြစ်လာခြင်းမှာ သူ့မိဘများ၏ ပံ့ပိုးမှုကြောင့်မဟုတ်ဘဲ သူ့၏အစ်မကြောင့်ဖြစ်သည်။

ယုမင်ရုံသည် တရားရုံးတွင် ရာထူးမမြင့်သော်လည်း သူ့တွင် ဧကရာဇ်မင်းမြတ်၏ အနှစ်သက်ဆုံးအစ်မတစ်ဦးရှိသဖြင့် ဤပွဲသို့ ဖိတ်ကြားခြင်းခံရသည်။ ဧကရာဇ်မင်းသည် ဤကဲ့သို့သော အရေးမပါသောကိစ္စများကို ဂရုမစိုက်ဘဲ သဘာဝအတိုင်းပင်၊ သူ့အတွက် လုပ်ဆောင်ပေးမှုများသည် ကြင်ယာတော်ယုအတွက် ကျေးဇူးပြုခြင်း၏တန်ဖိုးဖြစ်သည်ကို လူတိုင်း သိကြသည်။

အမှန်တော့ ယုမင်ရုံက ပွဲမတက်ချင်ပါဘူး။  ဧကရာဇ်မင်းအနားမှာ ရှိနေခြင်းဟာ ကန့်သတ်ချုပ်ချယ်မှု အမျိုးမျိုးကို ဆိုလိုပြီး သူရဲ့ အကောင်းဆုံး အပြုအမူကို လိုက်နာဖို့ လိုအပ်တယ်။  ဒါပေမယ့် သူ့အစ်မက သူ့ကို သွားခိုင်းပြီး သူငြင်းလို့မရခဲ့ဘူး။ သူသည် သူမကို လိုအပ်နေပြီး သူမကို စိတ်ဆိုးအောင်လုပ်တာ မထိုက်တန်ပါဘူး။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now