စိတ်ပျက်စရာလူ

179 32 1
                                    

    စာရေးနေရင်းမျက်စိရှေ့ရောက်လာတဲ့ ကိုလာဘူးလေးကြောင့်မော့ကြည့်မိတော့မှ တစ်လောကလုံးမှာအမြင်ကပ်စရာအကောင်းဆုံး ပတ်ချန်းယောလ်ဖြစ်နေတာ။ အမြင်ကပ်လို့စကားမပြောဘဲ မေးငေါ့ပြီးအမူအရာနဲ့မေးလိုက်တော့မှ ရှိသမျှသွားပေါ်အောင်ဖြီးပြီး ကိုကို့ဗြောင်လုံးလေးအတွက်အအေးလာဆက်သတာတဲ့။
       သူနဲ့ဘတ်ခ်ဟျွန်းက အသက်သုံးလပဲကွာတာတောင် တမင်အနိုင်ယူချင်လို့ ဘတ်ခ်ဟျွန်းငယ်တာကိုအခွင့်ကောင်းယူပြီးသူ့ကိုယ်သူ ကိုကို လို့သုံးနှုန်းနေတာလည်းတကယ်အမြင်ကပ်တယ်။

           "မလိုဘူး ကိုယ့်ဟာကိုယ်ဝယ်သောက်နိုင်တယ်!"

            "ဗြောင်လုံးလေးကလည်း ဒီကိုကိုကနောက်ရက်ကစပြီးဗြောင်လုံးလေးရဲ့အချိန်ပိုင်းအခန်းဖော်ဖြစ်တော့မှာမို့မိတ်ဖြစ်ဆွေဖြစ်တိုက်တာကို"

          တွေ့လား!ဇာတ်လမ်းကစလာပြီ။

             "မိတ်လည်းမဖြစ်ချင်ဘူး ဆွေလည်းမဖြစ်ဘူးမို့အဲ့အအေးဘူးပြန်ယူသွား ပတ်ချန်း"

              "မိတ်မဖြစ်ချင်ဘူးဆိုတော့ ဗြောင်လုံးလေးကမိတ်လိုက်ချင်တာလား ဒီကိုကိုနဲ့"

            ဓာတ်တိုင်လိုရှည်နေတဲ့သူ့အရပ်မှအားမနာ ဘတ်ခ်ဟျွန်းရဲ့စားပွဲပေါ်ခါးကုန်းပြီးမေးထောက်လို့ချစ်စရာကောင်းအောင်လာလုပ်ပြနေလည်း မျက်လုံးထဲတော့ဘီလူးကြီးသံပုရာသီးစားမိလို့ရှုံ့တွနေသလိုပဲ မြင်တာတော့ ခက်သား။
              အမြင်ကပ်ကပ်နဲ့ချိုင့်နေတဲ့ပါးချိုင့်ထဲဘောပင်ကြီးထိုးပစ်ပေးလိုက်မှသူ့ပါးသူကိုင်ပြီးခြေဆောင့်ကာထွက်သွားလေတော့တယ်။သူ့ကိုယ်သူဒါတွေလုပ်နေတာချစ်စရာကောင်းတယ်ထင်နေလားမသိ!
..............................

                ပိတ်ရက်တိုင်းဘတ်ခ်ဟျွန်းနားပူနေရတယ်။အကြောင်းကတော့ပိတ်ရက်ဆိုမိုးလင်းကမိုးချုပ်ရောက်ရောက်လာတဲ့ပတ်မျိုးရိုးကောင်ကြောင့်!

               "အင်းပါ အာ့ဆိုမနက်ဖြန်မောင်တို့တွေ့ကြမယ်လေ ဗြောလ်လေး"

              ဟူး...အသံသေးအသံကြောင်တွေနားထောင်နေရတာလည်းဘယ်ဘဝကဝဋ်လဲမသိဘူး။ ကုတင်ပေါ်ဂိမ်းထိုင်ဆော့ရင်း ကုတင်ခြေရင်းမှာဖုန်းထိုင်ပြောနေတဲ့ချန်းယောလ်ကိုကြည့်ရင်းနဲ့ကို ဘတ်ခ်ဟျွန်းခမျာ သံဝေဂတွေရနေတာ။

Park starts with BWhere stories live. Discover now