ဒီကောင်!

114 24 4
                                    

ဘတ်ဟျွန်းမှာအကျင့်ဆိုးလေးတစ်ခုရှိတယ်။ သူ့ရှေ့သောက်ပိုတွေလာလုပ်ရင် သူကပါပြန်ရွဲ့ပြီး အဲ့လုပ်တဲ့သူရှက်သွားအောင်ပညာပြတာပဲ။
အခုလည်း အမောင်ချန်းယောလ်တို့အတွဲကသူ့ရှေ့ တစ်တီတူးနေကြလေရဲ့လေ။

"ကို... တူတူနေချင်ပြီ"

ဘုရား! ငါရှိနေသေးတယ်လေ! ငါရှိနေတာကို ဘယ်လိုစကားလဲ! ဒင်းကငါ့လင်နဲ့ ဟိုဒင်း ဟိုဟာ?

"ကိုယ်ရောပါပဲကွာ ဒါပေမယ့် လက်ရှိကိုယ်ကအိမ်ထောင်ကြီးနဲ့လေ ဟိုကောင်နဲ့သာမညားနေရင် ဘေဘီလေးကိုအမြန်ဆုံးလက်ထပ်တယ်သိလား "

ဘတ်ဟျွန်း၏သည်းခံခြင်းတရားတွေ ပျောက်ဆုံးကုန်သည်။ ဒီလိုလာကြောမှတော့ ဒီကဆယ်ဆမကပြန်ကြောရမှာပေါ့။

သူ့ကိုကြိုက်နေပြီးအသေရရအရှင်ရရပါဆိုသောကောင်ကိုချက်ချင်းဖုန်းဆက်လိုက်သည်။ မျက်နှာတွင်တော့လှောင်ပြုံးလိုလို ခနဲ့ပြုံးလေးနဲ။

"ဟယ်လို~ အွန်း ဂျွန်းရာ~"
"...."
" အွန်း ဂျွန်းဒီနေ့အားလား တွေ့မယ်လေ~"

သကြားတစ်ထပ်၊ပျားရည်တစ်ထပ်လောင်းထားသလိုချိုအီနေတဲ့အသံလေးနဲ့ချွဲနွဲ့သံလေး ဘတ်ဟျွန်းဆီမှထွက်လာတော့ ဟိုအတွဲကအသံတိခနဲတိတ်သွားပါသည်။ ဘင်ဘင်းကပါးစပ်အဟောင်းသားလေးနှင့်။ ပတ်ချန်းယောလ်မှာတော့ မျက်မှောင်ကြီးကျုံ့ထားသည်မှာ မျက်ခုံးစွန်းနှစ်ဖက်က မိုးထိုးတော့မည့်အလား။

"အွန်း အွန်း အာ့ဆိုအဲ့ဆိုင်ကိုညကျလာခဲ့လိုက်မယ်လေ ရတယ်" လာမခေါ်နဲ့တော့ ဟျွန်းကိုယ့်ဟာကိုယ်လာခဲ့လိုက်မယ်"

ဖုန်းပြောအပြီးစိတ်ထဲမှကြိတ်ရယ်နေရသေးသည်။ ပတ်ချန်း​ယောလ်ထပ်ကဲသဲကောင်နေပြမယ် ငါ့အကြောင်းသိရဖို့သာပြင်ထားတော့!

~~~~~~~~~~~~~~~~~~~~

ညရောက်လို့ချိန်းဆိုထားသည့်နေရာကိုသွားခါနီးလာလေ ဘတ်ဟျွန်း အော်ငိုချင်လာလေဖြစ်လာသည်။ အဲ့ဂင်ဆောဂျွန်းဆိုတဲ့ကောင်က ဘတ်ဟျွန်းကိုအလယ်တန်းဒုတိယနှစ်တည်းကကြိုက်လာတဲ့ကောင်။ ဘတ်ဟျွန်းကိုဆို အခုရအခုယူချင်နေတဲ့ကောင်။

Has llegado al final de las partes publicadas.

⏰ Última actualización: Aug 15, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Park starts with BDonde viven las historias. Descúbrelo ahora