ဒီလိုဆိုအဆင်ပြေပါ့မလား

150 25 8
                                    

       "ဘတ်ခ်ဟျွန်း!"

    မနက်စောစောအလုပ်သွားဖို့ဘတ်ခ်ဟျွန်းအိမ်ပြင်အထွက် ဧည့်ခန်းထဲကနေချန်းယောလ်ကလှမ်းခေါ်တယ်။ ဒီကောင်ဘာတွေသြဝါဒခြွေအုံးမလို့လဲ!

     အမြင်ကပ်ကပ်နှင့် မေးလေးပဲငေါ့ပြလိုက်တော့ ဒီကောင့်ရုပ်ကမချိုမချဥ်ဖြစ်သွားပြန်သည်။

        "ဒီညဘာကိစ္စမှမရှိရင်စောစောပြန်လာခဲ့မလား ဒီနေ့ငါနဲ့ဘင်ဘင်းတွဲတာ 3နှစ်ပြည့်မို့ အိမ်မှာပါတီအသေးစားလေးလုပ်မှာမို့"

       wait!what??
     
        "ပြောချင်တာက ပါတီလုပ်မယ့်နေရာကဒီအိမ်ပေါ့?"

       မျက်စိနှစ်ဖက်လုံးကိုမှိတ်၊နှုတ်ခမ်းကိုစေ့စေ့ပိတ်လို့ခေါင်းညှိမ့်ပြပုံက အတည်အမြင်ကပ်စရာကြီးပါဆို။

        "ဟ ငါကငါ့လင်နဲ့သူ့ရည်းစားရဲ့နှစ်ပတ်လည်ပွဲကိုတက်ပေးရမှာလားကွ"

       စိတ်ပျက်ပျက်နှင့်ပိတ်အော်ပေးတော့လည်း သကောင့်သားကရယ်ပဲရယ်နေပါသည်။အူမြူးနေတာ အူမြူးနေတာ... မသိရင်မပြတ်ကြမယ့်အတွဲကျနေတာပဲ အဟား အတွဲတွေများရူးချက်!

       "သူငယ်ချင်းဆိုလို့ဒါတွေပဲရှိတာ မင်းကလည်းတက်ပေးပါကွာ ငါတို့အထက်တန်းတည်းကဘော်ဒါအုပ်စုလောက်ပါပဲကွ နော်"

      စိတ်ရှိတိုင်းသာဆိုသူ့မိဘတွေနှင့်ပြန်တိုင်ပါသည်။ ဒီကောင်တရားလွန်လာရင် ဘတ်ခ်ဟျွန်းလည်းရည်းစားထားပြီးအိမ်ပေါ်ခေါ်တင်ထားမည်ဟုဆုံးဖြတ်မိသည်အထိ ဒီကောင့်လုပ်ရပ်က ရွံစရာကောင်း၏။

       စိတ်ပျက်ပျက်နှင့် အေးကွာတစ်ခွန်းပဲပြောပြီးထွက်လာခဲ့ပါတော့သည်။ မဟုတ်လျှင် ဒီကောင့်ကိုဘာလုပ်မိမည်မသိ။ ယူပြီးတာပဲအခုမှနှစ်လတောင်မပြည့်ချင်သေးတာကို အခုဘတ်ခ်ဟျွန်းအဖြစ်က ကိုယ့်ယောင်္ကျားတို့အတွဲနှစ်ပတ်လည်ကိုတက်ပေးရမတဲ့။ ကြားလို့မှကောင်းကြသေးရဲ့လား

~~~~~~~~~~~~~~~~~~~~~

         အခုဘတ်ခ်ဟျွန်းထိုင်နေသည့်နေရာမှာ ဘတ်ခ်ဟျွန်းတို့ ကြင်စဦးအိမ်၏အပေါ်ဆုံးထပ်ဝရံတာကျယ်ကြီး၌ခင်းကျင်းထားသော စားပွဲအရှည်ကြီး၏တစ်နေရာတွင်ဖြစ်ပါသည်။
         ဘော်ဒါချည်းပဲပေမယ့် ယခုလိုအဖြစ်မျိုးကရှားတာမှရှာလို့မတွေ့နိုင်သည်အထိမို့ သူငယ်ချင်းတွေ၏ ဘတ်ဟျွန်းကိုကြည့်သောအကြည့်မှာ တစ်မျိုးတစ်မည်ဖြစ်နေပါသည်။
        အို!ဘာဂရုစိုက်စရာလိုလဲ ယိုသူတွေတောင်မရှက်ကြတာ မြင်သူကရှက်စရာလားလေ

Park starts with BWhere stories live. Discover now