Arc[2.6]

1.5K 118 0
                                    

[Unicode]

yz " host ဘာလို့အစောကြီးထပြီး ကြာကန်နားကိုလာရတာလည်း ဇာတ်လိုက်မလွှတ်လိုက်တဲ့လူကို လာစောင့်တာမဟုတ်တာတော့သေချာတယ်"

ယွိလျန်"အင်း ရိကျန် ငါလည်းဘာလို့ထလာမှန်းမသိပေမဲ့ အခုကြာကန်နားရောက်တော့ သိလိုက်ရပြီထင်တယ် ဒီနေ့က ယွိလျန်ရဲ့ မိသားစုဝင်တွေ ယွိလျန်ကိုထားခဲ့ပြီး စစ်ထွက်တိုက်တဲ့နေပဲ့ ဒီနေ့ကတော့ ၈နှစ် ပြည့်တဲ့နေ့ပေါ့ ဒီလိုနေ့ကိုရောက်ရင် မူလကိုယ်က ယွိအိမ်တော်မှာရှိတဲ့ ကြာကန်နဘေးမှာထိုင်ပြီး သူရဲ့၁နှစ်တာအဖြစ်အပျက်တွေကို ပြောပြလေ့ရှိတယ် အခုက နန်းတွင်းထဲမှာဆိုတော့ ဒီနေရာကိုလာတာနေမှာပေါ့ ကြည့်ရတာ ဒီလိုနေ့ကိုရောက်ရင် မူလကိုယ်ရဲ့ ခံစားချက်ကိုမထိန်းနိုင်တဲ့ပုံပါပဲ့"

ရိကျန့်လည်းဘာမှမပြောတော့ဘဲ ငြိမ်ငြိမ်လေးသာကြည့်နေတော့သည်။
_________________

ယွိလျန်{ ပါး၊မား နင်တို့နေကောင်းရဲ့လား ပါးနဲ့မားရဲ့ သားအငယ်လေးကျွန်တော်လည်းနေကောင်းပါတယ် ကိုကို လည်းပါးနဲ့မား တို့နဲ့အတူနေနေတယ်မဟုတ်လား အိမ်တော်ကလူတွေအားလုံးရောလေ }

သူခနလောက် တိတ်နေပြီးတာနဲ့ပြန်ပြောလိုက်သည်။

ယွိလျန်{ အားလုံးရောက်ပြီဆိုတော့ ယွိအာ ပြောမယ်နော် ယွိအာမိသားစုဝင်တွေ ယွိအာနားကထွက်သွားတာ ဒီနေ့နဲ့ဆို ၈နှစ်ပြည့်ပြီ ယွိအာ ရဲ့ မိသားစုဝင်တွေကို အရမ်းသတိတာပဲ့ ပါးနဲ့မားရော ယွိအာကို သတိရရဲ့လား ကိုကို ရော ယွိအာလိုချစ်ဖို့ကောင်းတဲ့ ညီလေးကိုသတိရရဲ့လား ယွိအာကတော့ အားလုံးကို အမြဲသတိရနေခဲ့တာ

အင်း ဒီတစ်နှစ်အတွင်း ယွိအာအကြောင်းကိုပြောရမယ်ဆိုတော့ အားလုံးအဆင်ပြေပါတယ် တစ်ခုတော့ပြောင်းလဲသွားတယ် သိလား ယွိအာ က ရန်တိုင်းပြည်ရဲ့ တောင်နန်းစံမိဖုရား ဖြစ်နေပြီလေ ပြီးတော့ ပါးပါး ကျွန်တော် အရှင့် ဆီကနေ မဂ္လလာဉီးညတုန်းက ကြားခဲ့ရတဲ့ကိစ္စတစ်ခုရှိတယ်

ကျွန်တော်ကို အခုလို အရှင့်ရဲ့ တောင်နန်းစံ မိဖုရားအဖြစ် မြောက်ပေးဖို့ ပါးပါးက အရှင့်ရဲ့ ခမည်းတော်ဆီက ကတိတောင်းခဲ့တယ် ဆိုတဲ့ကိစ္စလေ ကြည့်ရတာ ပါးပါးကအဲဒီအချိန်ကတည်းက ယွိအာဆီကို ပြန်လာနိုင်မှာ မဟုတ်ဘူးဆိုတာကြိုသိနေပုံပဲ့ အဲတာကြောင့်လည်း ပါး က ယွိအာကို အရှင့် လက်ထဲအပ်ခဲ့ပေါ့နော်

A System For Lazy PeopleWhere stories live. Discover now