မောင့်ကိုဘဲချစ်တယ်part_11

374 22 0
                                    

[Unicode]
မောင့်ကိုပို့ပြီးအပြန် အိမ်မပြန်ချင်တာနဲ့ထယ့်ဆီကိုဘဲလာလိုက်တယ်

Jm-ထယ် ထယ်ရေ
ထယ်

ဟေ့ရောင် ငါ့ကိုလာခေါ်ပါအုန်းကွာ
ဟီး....ဟီး......

V-ဟာ ဂျီမင်း ဘာလို့ငိုနေတာလဲ

ငါ့ကောင်ကြီးရာ ဘာဖြစ်လာတာလဲ မင်းကလေးနဲ့အဆင်မပြေဘူးလား

ပြော ငါ့ကိုပြောပြ

Jm-ထယ် မောင် မောင်လေ

ငါ့ကိုမချစ်တော့ဘူးလားမသိဘူးကွာ

V-မဟုတ်တာ ဂျီမင်းရာ မင်းစိတ်ထင်နေတာနေမှာပါ

သူဘယ်လောက်ချစ်တယ်ဆိုတာမင်းလည်းအသိဘဲကို

အခုကဘာဖြစ်လာလို့လဲ ငါ့ကိုပြောပြ

Jm-ငါ ငါညနေကကျောင်းသွားကြိုတယ်ကွာ

အဲ့မှာမောင်က ‌မိန်းကလေးတစ်ယောက်ကို
ဆံပင်ကိုသေချာခေါင်းထဲညပ်ထည့်ပေးနေတယ်

ပြီးတော့ ခေါင်းလေးကိုပုတ်နေတာကွာ ငါမကြိုက်ဘူး

မောင်ကအဲ့မိန်းကလေးကိုချစ်သွားရင်ဘယ်လိုလုပ်မလဲ

V-ဟားဟား ခိခိ ပတ်ဂျီမင်း

မင်းဟာလေ ပိုကိုပိုတယ် ဘာများလဲလို့

ငါကကုကီများ တစ်ခြားမိန်းကလေးကိုနမ်းနေတာများလို့

မင်းဟာလေ ကြံဖန်ကိုသဝန်တိုတာကွာ

Jm-ဟေ့ရောင် မင်းဘာသိလို့လဲ

အဲ့လိုခေါင်းလေးပုတ်ရာကနေ ကြိုက်သွားရင်ဘယ်လိုလုပ်မလဲ

မောင့်ကိုသူက အပိုင်ကြံပစ်ရင်ဘယ်လိုလုပ်မလဲ ထယ်ရာ

သူကမိန်းကလေးလေ ငါကယောက်ကျားလေးကွ

မောင့်ကိုမြူစွယ်လို့ မောင်ကစိတ်ပါသွားရင်ငါ့ကိုထားခဲ့မှာပေါ့

V-ဂျီမင်း အတွေးတွေမလွန်နဲ့ကွာ
မင်းကတစ်ဆုံးတွေးပစ်တာဘဲ

မိန်းကလေးတွေလှတာမှန်တယ် ပတ်ဂျီမင်း

မင်းကိုမင်းပြန်ကြည့်အုန်း ထိရက်ကိုစရာမရှိဘူး

နတ်သားလေးကျနေတာဘဲ အပြစ်ဆိုရက်စရာကိုမရှိဘူး တကယ်သဝန်တိုရမှာက

မောင့်ကိုဘဲချစ်တယ် { Complete}Where stories live. Discover now