မောင့်ကိုဘဲချစ်တယ်part_19

376 21 0
                                    

[Unicode]
ညနေစာစားပြီးတာနဲ့ရစ်နေပြန်ပြီ အခုမှသိရတယ်

ပတ်ဂျီမင်းရဲ့ ဂရုစိုက်မှုတွေ အလိုလိုက်မှုတွေ လူကြီးဆန်မှုတွေက မောင်ဆိုတဲ့ ကျွန်တော်တစ်ယောက်ထဲနဲ့ဘဲ သီးသန့်ဖြစ်တည်နေတာမျိုးပါ....

ကျွန်တော်ကလွဲလို့တခြားသူတွေနဲ့ဆို ကလေးအမြဲလုပ်နေတာ လူဆိုးပေါက်စလေး...

Jm-လူရီး ပန်းကန်တွေမြန်မြန်‌ဆေး

ပြီးရင်ခြံထဲသွားမယ်...

Jk-ဟာ လုပ်ပြန်ပြီ ညနေစောင်းနေပြီ
မသွားရဘူး

Jm-သွားမှာ ဂျီမင်းအိမ်ထဲမှာလေ အပြင်သွားတာလည်းမဟုတ်ဘူး

Jk-မရဘူး အခန်းထဲမှာဘဲနေရမယ်

Jm-အာ့....
နာလိုက်တာ 🥺

အခုချိန်မှာတစ်‌ယောက်ယောက်ကကျောပိုးထားရင်သိပ်ကောင်းမှာဘဲ

နာတယ် ဒီတိုင်းမအိပ်ချင်ဘူး...

Jk-တအားနာလို့လား ကိုရှိတယ်လေ

အပြင်တော့မထွက်နဲ့ အိမ်ထဲမှာဘဲ ကျောပိုးထားမယ်လေ

Jm-အသက်ရှူကျပ်လို့....
လူရီး....ချီပါ

ဝရံတာမှာနေမယ်လေ နော်
နော်လို့

Jk-အသံလေးကကွာ...တအားချစ်ဖို့ကောင်းအောင်မလုပ်နဲ့

မောင်ဆီကလုပစ်မယ်နော်

Jm-ဝရံတာကိုလိုက်ပို့မှာလား..

Jk-လာ...တက်ကျောပေါ်ကို...

ပြောတောင်မဆုံးသေး အခုလေးတင်နာတယ်ဆိုတဲ့လူက

ကျောပေါ်မှာ ခွလျက်သားလေး
ခြေထောက်လေးတောင်ချိတ်လို့

Jm-သွားတော့ လူရီး မြန်မြန်

ဂျီမင်းအိပ်ချင်နေပြီ

ဝရံတာအရောက် ကျောပိုးလျက် ရပ်နေလို့တဲ့ ပြဿာရှာပြန်ပြီဗျာ

Jm-လူရီး....ရပ်မနေနဲ့လေ လမ်းလျှောက်ပေးလေ

Jk-ဟင် လမ်းကလျှောက်ရအုန်းမှာလား

Jm-လျှောက်ရမှာပေါ့ လမ်းလျှောက်ပြီးတော့

ခေါင်းလေးကိုပုတ်ပေးပြီးချော့သိပ်လေ

မောင့်ကိုဘဲချစ်တယ် { Complete}Where stories live. Discover now