{Unicode}
အခန်း(၆၆)
သွမ့်မင်ယန်သည် လီလော့ ပြောသည်ကို နားထောင်နေပါသော်ငြား နည်းနည်းမှ ပြောင်းလဲမှုမရှိသည့် အနေအထားဖြင့် ထိုင်နေဆဲ။ လီလော့မှာ အနှီသူ ဘာတွေ တွေးတောနေမှန်း သေချာမသိရသည့်တိုင် သူ့မျက်နှာအား စူးစူးနှစ်နှစ်စိုက်ကြည့်နေသည့် မျက်ဝန်းတွေဆီမှ ခံစားချက်တွေကိုတော့ဖြင့် အသေအချာကို သိပါ၏။
မပီဝိုးတဝါးမျှသာဖြစ်သော်ငြား ဖိနှိပ်ထားရဟန်တူသည့် စိတ်ဆန္ဒမီးများ။
" ဘာမှ မပြောရင် သဘောတူတယ်ပဲ မှတ်လိုက်တော့မယ် "
ထိုအခါကျမှ သွမ့်မင်ယန်က
" အရှုပ်တွေ လုပ်ချင်ပြန်ပြီလား "
လီလော့သည် ပြုံးလိုက်ပြီး
" ဘယ်မှာ ရှုပ်နေလို့လဲ၊ မင်း အပြင်မထွက်နဲ့လို့ ပြောထားလို့ ဘယ်မှ မသွားဘဲ အိမ်မှာ လိမ်လိမ်မာမာလေးနဲ့ နေနေတာကို "
" အဲ့လိုသာပြောတယ်၊ ခုလည်း ဒီအတိုင်း အိပ်လိုက်တော့မဲ့ပုံဖြင့် မရှိဘဲနဲ့ "
" ငါ့နှလုံးသားလေး လှိုက်ဖိုသွားရအောင်လို့ လုပ်ထားပြီးမှ ဘယ်သူက ဒီအတိုင်းကြီး အိပ်လိုက်နိုင်မှာတဲ့တုန်း၊ ငါ ဘယ်လောက်အထိ စိတ်တွေ လှုပ်ရှားနေလဲဆိုတာ ဘုရားပဲ သိမယ်၊ အသိတရားလေးသာ ရှိမနေရင် ခုချက်ချင်းတောင် မင်းဆီ အပြေးလေး ရောက်လာမိမှာ "
" ကိုယ့်ဆီလာပြီး ဘာလုပ်မှာမို့လဲ "
" ချစ်ကြမှာပေါ့ "
လီလော့က ခပ်ဘွင်းဘွင်းပင် ပြန်ဖြေသည်။
" ချစ်ပွဲလေး နွှဲနေရင်း ချစ်ရတဲ့ အကြောင်းတွေ အများကြီး ပြောချင်တယ်၊ နောက်ထပ် တွန်းထုတ်လို့ မရနိုင်အောင် ငါဟာ မင်းရဲ့ နှလုံးသားနဲ့အတူ၊ မင်းရဲ့ ခန္ဓာကိုယ်နဲ့အတူ တစ်ထပ်တည်းရှိနေတဲ့အကြောင်း အသေအချာကို သက်သေပြပေးမှာ "
သွမ့်မင်ယန်သည် နက်ခ်တိုင်ကို အသာဖြေလျှော့လိုက်ပြီး ဆိုဖာနောက်ကျောဆီ မီထားလိုက်ရင်းက
" Mr.လီ၊ ခု အပြင်မှာ ဘာတွေဖြစ်နေလဲ သိလား၊ ကိုယ့်ရဲ့ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေတဲ့သူတွေ အပြင်မှာ ဘယ်လောက်တောင်မှ များလိုက်လဲ၊ မင်း သိရဲ့လား၊ ဟမ် ? "

ВЫ ЧИТАЕТЕ
နံနက်မိုးသောက် အလင်းရောက်သောအခါဝယ် {မိခင်ဘာသာသို့ ပြန်ဆို}
Любовные романыTitle: AD Author: လစ်တဲလ်အိုင်း(စ်)ကျု Status: Completed with 87 + 14 Extra သွမ့်မင်ယန် × လီလော့ သွမ့်အိမ်တော်၏ သခင်လေး(Gong) × ချောမောလှပသည့် နာမည်ကြီးသရုပ်ဆောင်(Shou) ------------ သွမ့်မိန်ယန် × လီလော့ သွမ့်အိမ်တော်၏ သခင်လေး(Gong) × ချောမောလှပသ...