အသက်ဆယ့်သုံးလေးနှစ်အရွယ် မိဘမဲ့လူငယ်လေးဝေ့ချန်းမှာ မအေတူဖအေကွဲညီမငယ်လေးကိုထိန်းကျောင်းရင်း ဘဝကိုခက်ခက်ခဲခဲရှင်သန်နေရသည်။ ထို့အပြင် သူ့နောက်သို့ကောက်ကောက်ပါအောင်လိုက်လာသော အိမ်ခြေရာမဲ့လေးတစ်ယောက်ကိုလည်း ကောက်ယူမွေးစား၍ 'ရှောင်ယွမ်' ဟု အမည်ပေးခဲ့သေး၏။
ဝေ့ချန်းက အောင်မြင်လိုစိတ်ပြင်းပြပြီး အသက်ကိုပင်ဂရုမထားဘဲ ငွေနောက်လိုက်တတ်သည့် ကောင်ငယ်လေးလည်း ဖြစ်နေပြန်သည်။ ဘဝတစ်ဝက်ကို ရေဆန်လမ်းအတိုင်း ရုန်းကန်ကူးခတ်ခဲ့ပြီး အောင်မြင်ကျော်ကြားမှုတို့ကို ပထမဦးစားပေးဟုသတ်မှတ်ခဲ့သည်။ ကျားကုပ်ကျားခဲကြိုးစားပြီးနောက် ဘဝ၏အရုဏ်ဦးကိုမြင်ရလေပြီဟု ထင်မိလိုက်ချိန်တွင် ရှောင်ယွမ်က ရုတ်တရက် စိတ်ရူးထတော့သည် ..... ယောက်ျားတွေကိုနှစ်သက်သည်ဟုဆိုကာ သူ့ကိုလည်း ငေးစိုက်ကြည့်တတ်လာသည်။ ထို့အပြင် "ကလန်ကဆန်ပြုခံရခြင်း" နှင့် "အငယ်ဆီမှအပြစ်ပြုခံရခြင်း" စသည့် ပြောင်မြောက်မှုများကိုပါ ဗြောင်းဆန်နေသောသူ့ဘဝကြီးထဲသို့ အဆစ်ပေါင်းထည့်ပေးလိုက်သေးသည်။
CP : ထိပ်တန်းအဆင့် အပြောဆိုးသည့် Shou နှင့် သစ္စာရှိခွေးလိမ္မာ Gong
••••••••••
Title : Brother 大哥
Author : Priest
English Translator : Sparks
@zyleyelashes on twitter- 3 Volumes (69 Chapters)
- 2 ExtrasWarning : Pseudo-incest
Pesudo-incest ဆိုတာက သွေးမတော်တဲ့ မိသားစုဝင်တွေကြားက ပတ်သက်မှုကိုပြောတာပါ။ (ဥပမာ - မွေးစားသား၊ မွေးစားညီ၊ ဖအေပါမအေပါ) ဒီဝတ္ထုရဲ့ MC ကလည်း ML ကို ညီအဖြစ် မွေးစားထားတာပါ။ ညီအစ်ကိုအရင်းမဟုတ်ပါဘူး။
Main Characters
YOU ARE READING
Brother《大哥》
General Fictionညီအစ်ကိုရင်း လုံးဝမဟုတ်ပါ‼️ Author : Priest ENG Translator : Sparks @zyleyelashes on twitter https://twitter.com/zyleyelashes?s=09 📍 Uploaded in Both Unicode & Zawgyi Versions. သူ့ဖခင်ကဘယ်သူဖြစ်ကြောင်း ဝေ့ချန်းမသိသလို မိခင်ဆီမှလည်း ကောင်းကောင်းဆက်ဆ...