[Z] အပိုင်း ၎

664 16 1
                                    

[Zawgyi]
"ငါမင်းကို မွေးစားဖို့မတတ်နိုင်ဘူး"

နောက်တစ်နေ့ ဝေ့ချန်းအိမ်ပြင်ထွက်ချိန်တွင် ကောင်လေးက ထိုနေရာ၌ရှိနေဆဲဖြစ်သည်။ သူ၏ဦးခေါင်းကကြီးမားကာ ခြေလက်တို့က ပိန်သွယ်နေပြီး ဘောလုံးလေးတစ်လုံးလို ကွေးနေ၏။

ဝေ့ချန်းက အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နှင့် ထိုကလေးကို ခလုတ်တိုက်မိမလိုပင်ဖြစ်သွားသည်။

တစ်ညကုန်လွန်ပြီးနောက် သူ့ရင်ထဲမှဒေါသသည်လည်း အတော်အတန်လျော့သွားခဲ့လေပြီ။ ဝေ့ချန်းက ဘောလုံးလေးလိုလုံးနေသည့် ထိုဟာလေးကို မျှော်လင့်ချက်မဲ့စွာ ငုံ့ကြည့်လိုက်မိသည်။ ထိုကောင်စုတ်လေးက ဘာတွေးနေသည်မသိပေ။

မိမိကိုယ်ပေါ်တွင် ပတ်ဝန်းကျင်ကို နာကျည်းမုန်းတီးနေသည့် အငွေ့အသက်တို့သာ စွဲထင်နေမည်ဟု ဝေ့ချန်းခံစားမိသည်။ ဘုရားတရားသမားကဲ့သို့ အငွေ့အသက်မရှိသလို နတ်ဘုရားကိုယ်ရောင်ဝါလည်းထွက်နေမည်မဟုတ်။ ပြန်တွေးကြည့်လျှင် တစ်ဖက်လူကို (သူနှင့်ပတ်သက်၍) အမြင်ကောင်းလည်း ကျန်စေနိုင်မည်မထင်ချေ။

ဝေ့ချန်းနားမလည်နိုင်ပေ။ အမြဲတိုက်ခိုက်ရန်အသင့်ရှိနေသည့်ဟာလေးက သူ့ထံတွင် အထင်ကြီးလောက်စရာ မည်သည်ကိုမြင်တွေ့ခဲ့သည်မသိ။ သတိတို့ကို အလွယ်တကူလွှတ်ချလိုက်သည့်အပြင် သူ့ကို တွယ်ကပ်နေသေးသည်။

နွေရာသီဖြစ်နေ၍သာ တော်သေးသည်။ ဆောင်းရာသီဆိုလျှင် မြောက်ပိုင်းဒေသ၏ဆောင်းညတစ်ညလုံး အပြင်တွင်အိပ်နေခြင်းက ထိုကောင်လေးကို အေးခဲ၍သေသွားစေနိုင်၏။

ထိုဟာလေးက အလွန်ငယ်ရွယ်သေးငယ်လှပြီး မတ်တပ်ရပ်လိုက်လျှင် ရှောင်းပေါင်နှင့် အရွယ်သိပ်မကွာချေ။ ထို့ကြောင့် မီးဖိုချောင်မှဓားပြေးယူပြီး ရှင်းထုတ်ပစ်ရန် မဖြစ်နိုင်။ ဝေ့ချန်းက ခြေထောက်ကိုဆန့်ထုတ်ကာ ဘောလုံးလေးကို ခြေမဖြင့်တို့လိုက်ပြီး -

"ဟေ့၊ ဟေ့၊ ထဦး။ ဒီမှာမအိပ်နဲ့၊ ကြားလား။ ငါတို့အိမ်တောင် တံခါးမဖွင့်ရသေးဘူး။ ဒီမှာဘာလို့လာအိပ်နေတာလဲ။"

You've reached the end of published parts.

⏰ Last updated: Jul 02, 2023 ⏰

Add this story to your Library to get notified about new parts!

Brother《大哥》Where stories live. Discover now