[Z] အပိုင်း (၂)

274 20 0
                                    

[Zawgyi]
မိခင်ကို သတ်မည်လော၊ မသတ်မည်လော

ရှောင်းပေါင် ဆယ့်တစ်လအရွယ်၊ သေးခံဘောင်းဘီဝတ်ကာ လေးဖက်တွားသွားနေဆဲအချိန်တွင် သူ့အဖေဆုံးသွားခဲ့သည်။

သေဆုံးရခြင်းအကြောင်းအရင်းက အတော်လေးရက်စက်သည်ဟုဆိုနိုင်သည်။ ယာဉ်တိုက်မှုပင် .... ထိုနေ့က သူ ညဆိုင်းဆင်းပြီး ညအမှောင်ထဲတွင် အိမ်ပြန်လာခဲ့သည်။ လမ်းတွင် လူပြတ်နေသည့်အတွက် ဖြတ်လမ်းမှပြန်ရန်ဆုံးဖြတ်လိုက်ပြီး စက်ဘီးကိုနင်းကာ လမ်းပေါ်သို့ ကွေ့လိုက်၏။ ထိုအချိန်မှာပင် ကုန်တင်ကားတစ်စီးက သူ့ကို ဖြတ်တိုက်သွားခဲ့ပြီး အတော်ဝေးဝေးသို့ လွင့်ထွက်သွားခဲ့ရှာသည်။

လူရောစက်ဘီးပါ ပြားသွားခဲ့ပြီး နဂိုပုံစံပြန်ပေါ်အောင် လုပ်မရခဲ့ပါချေ။

ဝေ့ချန်း၏မိသားစုမှာလည်း အဖမဲ့ကလေးများနှင့် မုဆိုးမတစ်ဦးအဖြစ်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။

တကယ်တမ်းတော့ ဘာမှသိပ်မထူးခြားပေ။ လောကကြီးထဲတွင် အဖမဲ့ကလေးများနှင့် မုဆိုးမများ များစွာရှိပါသည် ... သာဓကဆိုရလျှင် မနက်ခင်းတိုင်း အီကြာကွေးကြော်ရောင်းနေသည့် မာကျစ်တို့မိသားစုပင်။

အခြားသူများက မျက်ရည်သုတ်၍ ခါးဆန့်ကာ လူသားဆန်ဆန် ဆက်ရှင်သန်ကြလိမ့်မည်။

သို့သော် ဝေ့ချန်း သိလိုက်ရသည့် ကြောက်မက်ဖွယ်အချက်သည်ကား သူ၏ လှပပြီးကြင်နာတတ်သော "မေမေ" က ရက်စက်ကြမ်းကြုတ်သော စုန်းမကြီးအသွင်သို့ နေ့ချင်းညချင်းပြန်လည်ရောက်ရှိသွားသည်ကိုပင်။

သူ(မ)က ကြေကွဲလွန်း၍ ကိုယ့်ဘဝကိုယ် ဘိန်းပန်းထက် ပိုခါးသက်သည်ဟု သတ်မှတ်လိုက်ပြီး အသက်ရှင်လိုစိတ်မရှိတော့ပေ။ ထို့ကြောင့် သူ့ဘဝအချိန်များကို အလဟဿဖြုန်းတီးပစ်ရာတွင် ပိုအားစိုက်လိုက်၏။ သူက ထိုကဏ္ဍတွင် ကျွမ်းကျင်ပြောင်မြောက်လှသည်ကိုတော့ ပြောစရာမလိုတော့ပါချေ။

ဝေ့ချန်းခမျာ ဘဝကို နေ့စဉ်နေ့တိုင်း သတိကြီးကြီးထား၍ အကြောက်တရားနှင့်အတူ ဖြတ်သန်းရရှာသည် .. ကိုယ်တိုင်ကျောင်းသွားတက် သလို ငွေလည်း ကြံဖန်ရှာရသည်။ စကားမပြောတတ်သေးသည့် ညီမလေးကို စောင့်ရှောက်ရသည့်အပြင် အချိန်မရွေးထပေါက်ကွဲနိုင်သည့် ရူးသွပ်နေသောအမျိုးသမီး၏ရန်မှလည်း ကာကွယ်ပေးရသေးသည်။

Brother《大哥》Where stories live. Discover now