Depression

50 4 0
                                    

ဤဝတ္ထုတွင်ပါဝင်သော အကြောင်းအရာများ တည်နေရာ အဖွဲ့အစည်း ဇာတ်ကောင်များအား စာရေးသူ၏
စိတ်ကူးသက်သက်ဖြင့်သာ ဖန်တည်းထားခြင်းဖြစ်သောကြောင့် မည်သူတစ်ဦးယောက်မျှနှင့်
မည်သည့်အဖွဲ့အစည်းကိုမျှ ထိခိုက်စေလိုခြင်းမရှိပါ။

ဝတ္ထုတွင်ပါဝင်သော အကြောင်းအရာများမှာ တိုက်ဆိုင်ခဲ့သည်ရှိသော် စာရေးသူ၏အမှားသာ ဖြစ်ကြောင်းတောင်းပန်အပ်ပါတယ် ။

တစ်စုံတစ်ဦး၏ ဝတ္ထုနှင့် တူနေခဲ့သည်ရှိသော် လွတ်လပ်စွာ
လာပြောနိုင်ပါတယ်။

_________________________________

မိတ်ဆက်

သန်းခေါင်ယံလမင်းဟာ ကောင်းကင်ပေါ်မှာတောက်ပစွာ
ရှိနေခဲ့တယ်။ တိတ်ဆိတ်လွန်းလှတဲ့ မြို့ပြင်ရဲ့တစ်နေရာမှာရှိနေတဲ့ တောအုပ်ငယ်လေးအတွင်းက ပျဉ်ထောင်အိမ်လေးမှာတော့
လူလတ်ပိုင်းရွယ်အမျိုးသမီးတစ်ယောက်နဲ့ အရွယ်ကြီးပိုင်းအဘွားအိုတစ်ဦးတို့ရဲ့မှုန်ဝါးဝါးပုံစံတွေက ငြိမ်သက်စွာထိုင်နေခဲ့ကြတယ်။

ပြတင်းပေါက်မှ တိုးဝင်လာတဲ့ငြင်သာလှတဲ့ လေပြေလေးက
အမျိုးသမီးနှစ်ယောက်ကြားရှိနေတဲ့ စားပွဲပုပေါ်က ဖယောင်းတိုင်မီးစကိုလှုပ်ခတ်သွားစေတယ်။ လှုပ်ခတ်သွားတဲ့မီးစလေးဟာ အမျိုးသမီးနှစ်ယောက်ရဲ့အသွင်အပြင်ကို
ပီသစွာထင်ဟပ်စေတယ်။ နှင်းဆီနီရောင်ရှိပြီးခြောက်သွေ့နေတဲ့
နှုတ်ခမ်းပါးလေးနဲ့ ဆံပင်ကိုအနောက်ဖက်မှာအသာအယာ
စုပြီးထုံးဖွဲ့ထားတဲ့ အုံ့မှိုင်းမှိုင်းပုံစံရှိနေတဲ့ သက်လတ်ပိုင်းအမျိုးသမီး။ အဆီနဲ့သေသပ်အောင်ဖြီးပြီး ခေါင်းပေါ်မှာထုံးဖွဲ့ထားတဲ့ဆံကေသာ အညိုရောင်နှုတ်ခမ်းနဲ့ မျက်ခုံးကိုတင်းကြပ်စွာကြုံထားတဲ့အဘွားအိုတစ်ဦး။

"နင်ဒီအခွင့်အရေးကို လက်လွတ်ခဲ့တဲ့အတွက် နောင်တရရဲ့လား"

အက်ကွဲနေတဲ့အသံနဲ့အဘွားအိုဟာ အမျိုးသမီးကိုစူးရှတဲ့ အကြည့်တွေကြည့်ပြီး တုန်လှုပ်စွာပြောလိုက်တယ်။

တင်းကြပ်တဲ့လေထုဟာ အမျိုးသမီးနှစ်ယောက်ကြားမှာ
အဘွားအိုရဲ့မေးခွန်းနဲ့အတူ ပါးပါးလွှလွှနေရာယူနေခဲ့တယ်။

"ဟင့်အင်း"

‌အားနည်းပြီးဖျော့တော့လှတဲ့လေသံဟာ တိတ်ဆိတ်နေတဲ့လေထုကို ဖြိုခွင်းပြီးအဖြေပေးလာခဲ့တယ်။

"ဖြစ်ခဲ့တာတွေကို ပြန်ပြီးပြင်ဆင်ဖို့ အခွင့်အရေးရှိခဲ့ရဲ့သားနဲ့
ညဉ်းဘာကြောင့်ဒီလမ်းကိုပဲ ဆက်ပြီးရွေးချယ်ခဲ့တာလဲ"

တင်းမာလှတဲ့လေသံနဲ့အတူ ဒေါသထွက်နေတဲ့အကြည့်တွေက
အမျိုးသမီးကို အပြစ်တင်စွာကြည့်နေခဲ့တယ်။

သက်လတ်ပိုင်းအမျိုးသမီးရဲ့ ဝမ်း‌နည်းနေတဲ့မျက်နှာပေါ်မှာ
အသက်မပါတဲ့အပြုံးတစ်ခုကို ခပ်ဖွဖွပြုံးကာ မဝံ့မရဲတဲ့အကြည့်နဲ့အတူ အဘွားအိုကိုကြည့်ပြီး ငြင်သာစွာပြောလိုက်တယ်။

"နောက်ထပ်အခွင့်အရေးတွေရှိခဲ့ရင်တောင် ကျွန်မ . . .ကျွန်မ
သူ့ကိုပဲ . . . ထပ်ပြီးရွေးချယ်ခဲ့ဦးမှာပဲ"

စကားဆုံးတာနဲ့အမျိုးသမီးဟာ ပြတင်းပေါက်ကိုကြည့်ပြီး
ပုလဲလုံးလိုညီညာနေတဲ့သွားတွေပေါ်အောင်ပြုံးကာ အဘွားအိုကိုပြောလိုက်တယ်။

"ကြည့်ပါဦး ဒီနေ့ညရဲ့လရောင်က ‌တောက်ပမနေဘူးလား
ဟား(သက်ပြင်းချသံ) . . . . . တော်တော်နောက်ကျနေပြီပဲ
ပြန်မှဖြစ်တော့မယ် . . . . . ကျမသွားပြီနော်အဘွား"

ချိုသာတဲ့အပြုံးတစ်ခုကိုဆင်မြန်းရင်း ဘာမှမဖြစ်ခဲ့တဲ့အလား
သူမဟာ ကောင်းကင်ကိုကြည့်ရင်း လှေကားကနေဖြည်းဖြည်းချင်းဆင်းသွားခဲ့တယ်။

အဘွားအိုဟာသတိပြန်ဝင်လာချိန်မှာတော့ ပြတင်းပေါက်ဖက်ကို
ယိုင်နဲ့နဲ့လျှောက်လာရင်း အိမ်ရှေ့လမ်းမထက်က လမ်းလျှောက်နေတဲ့အမျိုးသမီးကိုကြည့်ရင်း ‌ပါးစပ်ကနေတစ်စုံတစ်ခုအား တစ်ယောက်ထဲကြားနိုင်မယ့်လေသံဖြင့် တီးတိုးရေရွတ်လိုက်တယ်။

"မင်းဘဝက ဒီနေရာတင်ရပ်တန့်နေမှာမဟုတ်ဘူး ကလေးမ မင်း . . . မင်း ကျော်လွှားနိုင်မှဖြစ်မယ် နော်. . . . "

အမျိုးသမီးကတော့ ကောင်းကင်ပေါ်ကလမင်းကြီးကိုကြည့်ရင်း
နှုတ်ခမ်းပါးထပ်တွင် အပြုံးတစ်ခုကိုဆင်မြန်းကာ လမ်းမထက်ကိုဆက်ပြီးလျှောက်လှမ်းနေခဲ့တယ်။

လမ်းဆုံး. . . . . .Where stories live. Discover now