အပိုင်း (၁)

34 3 1
                                    

အပိုင်း(၁) [  ကံဆိုးတဲ့နေ့  ]

ရွက်ဟောင်းကြွေလို့ ရွက်သစ်တွေဝေပြီးနွေဦးကို
ကျော်လွန်တဲ့ မိုးသားလေပြေလေးဟာ ပူပြင်းလွန်းတဲ့နေရောင်နဲ့တကွ တဖျောက်ဖျောက်ကျဆင်းနေလေတယ်။

သန့်ရှင်းသပ်ရပ်ပြီး ကြည့်မြင်ရှုဖွယ်ရှိလှတဲ့ ခန်းမကြီးရဲ့အဝင်
ဂိတ်တံခါးအနီးမှာတော့ ပါတိတ်ဝမ်းဆက်နဲ့အမျိုးသမီးလေး
တစ်ယောက်ဟာ ခေါင်းပေါ်ပိုက်ဆံအိတ်လေးကာ, ကာ
ပါတိတ်ထမိန်စလေးကို, မပြီးခန်းမအဝင်ကိုပြေးလာလို့         နေလေတယ်။

"ဟဲ့ရေ, အမြန်လာ‌ ကောင်မရဲ့နောက်ကျနေပြီ"

‌လို့ပြောလိုက်တာကတော့ ခန်းမအဝင်ဝမှာရှိတဲ့ 'တီး' အောက်မှာရှိနေတဲ့ လှပလွန်းတဲ့မိန်းကလေးတစ်ယောက်။ သူမရဲ့လှပပြီးရင်သက်ရှုမောဖွယ်ကောင်းလှတဲ့ စနေနှစ်ခိုင်ဟာ
အမျိုးသမီးငယ်လေးကို လက်ယက်ပြီးခေါ်နေတာကြောင့် တုန်ခါနေကာ ကြည့်ရတဲ့ပုရိသများမှာ အံတကြိတ်ကြိတ်နဲ့ လျှာကိုက်လို့နေကြလေရဲ့။

'ရှက်စရာကောင်းလိုက်တာ, သူများတကာရဲ့ မင်္ဂလာပွဲကြီးမှာ
ဒီကောင်မကတော့ သောက်ရှက်မရှိနဲ့'

ပါတိတ်နဲ့မိန်းကလေးဟာ 'တီး' အောက်ရောက်တော့ စိုနေတဲ့အဝတ်အစားများအားရေခါရင်း အဖြူရောင်ရင်ဖုံးနဲ့
အစိမ်းရောင် လက်ယက်ချိတ်ထမိန်ဝတ်ထားတဲ့ ယုန်နှစ်ကောင်
ပြူးထွက်နေတဲ့အမျိုးသမီးအား မျက်စောင်းထိုးကာကြည့်လိုက်တယ်။ 

_________________________________

ကျမနာမည် 'ယမင်း' ဒီနှစ်ထဲမှာအသက် '25' ပြည့်တော့မယ်။ E major နဲ့ကျောင်းပြီးထားတယ်။ အထင်တော့မကြီးပါနဲ့အခုထိ ဘာသောက်လုပ်သောက်ကိုင်မှမရှိဘူး။
ကျောင်းပြီးလို့ဘွဲ့လေးရတော့ သူ့ဟာလေးနဲ့သူဖြစ်သွားမှာပါ
ဆိုပြီး အဖေနဲ့အမေကတော့ နှစ်သိမ့်ရှာပါတယ်။ ဒါမယ့် ဘာမှဖြစ်မလာတာတော့ ကျမလဲမတတ်နိုင်ဘူးရှင်။

အချိန်တွေကြာလာတာနဲ့အမျှ သူများတွေကတော့ အလုပ်တွေ
အကိုင်တွေနဲ့ ကျမကတော့မိဘလုပ်စာ စားနေတုန်း။ ဒါကြောင့်ပတ်ဝန်းကျင်က cctvအန်တီကြီးတွေရဲ့ တံတွေးကွက်ထဲမှာကျမ bikini လေးနဲ့ပက်လက်မြောနေရပြီ။ ဒါပေမယ့်စိတ်ဓာတ်မကျပါဘူး ကမ္ဘာကျော် သူဌေးတွေတောင်ဒီအဆင့်ထိရောက်ဖို့ အရမ်းကြိုးစားခဲ့ရတာလို့ပြောကြတယ်လေ။
ဒါကြောင့်ကျမဆုံးဖြတ်လိုက်တယ် ကျမချမ်းသာဖို့
အပင်စိုက်စားမယ်။

You've reached the end of published parts.

⏰ Last updated: Mar 20, 2023 ⏰

Add this story to your Library to get notified about new parts!

လမ်းဆုံး. . . . . .Where stories live. Discover now