Me Before You // 1 //

4K 229 120
                                    




------------

C city၌ အချမ်းသာဆုံးဖြစ်တဲ့ Xiaoအိမ်တော်၊
မိသားစုဝင်လည်းများသလို၊ အိမ်တော်ရဲ့မျိုးဆက်တိုင်းသည် ထက်မြက်လွန်း၏။

သားသမီး၂ယောက်ထွန်းကားပြီး သားသမီးတိုင်းသည် စီးပွားရေးနယ်ပယ်တွင် နာမည်ရပြီးသား စီးပွားရေးပညာရှင်များဖြစ်သည်။

အကြီးဆုံးသားသမီးဖြစ်သူသည် အိမ်ထောင်ကျသွားပြီဖြစ်ပြီး၊အငယ်ဆုံးသားသည် အသက် ၃၄နှစ်ရှိပြီဖြစ်ပြီး လူပျိုကြီးအရွယ်ရောက်နေပြီဖြစ်သည်။
သို့သော် ယခုတိုင်ပျိုပျိုအိုအိုနှုတ်ခမ်းနီမလေးတို့၏ပါးစပ်ဖျားတွင် ပေါ်ပြူလာဖြစ်လွန်းသည့်အမျိုး‌သား‌တစ်ယောက်လည်းဖြစ်သည်။

ဇယားရှုပ်ချင်သောမိန်းကလေးပေါင်းများစွာအား လိမ္မာပါးနပ်စွာငြင်းပယ်ရင်း အပျင်းပြေအသည်းခွဲစတမ်းကစားလေ့ရှိသည်မို့ တစ်ရက်ဖြစ်ဖြစ်၊တစ်နာရီဖြစ်ဖြစ် ပတ်သက်ချင်သောအမျိုးသမီးထုကြီးသည် မီးမှန်းသိလျက် ပိုးဖလံအမျိုးအလား။

နေရောင်ခြည်နုနုတို့ ဖြာကျနေတဲ့သာယာတဲ့နေ့ကလေးမှာ ရှောင်းမျိုးဆက်ဖြစ်သည့် ရှောင်းကျန့်ဟူသော အမျိုးသားသည် လှပတဲ့မိန်းမလေးအား ငိုရစေအောင်လုပ်နေပါသတဲ့။

" ယွီအာ.. လမ်းခွဲကြရအောင် "

"ဟင့်* .. Daddy.. ယွီ ဘာမှားလို့လဲဟင်... ယွီပြင်ပါ့မယ်.. Daddy ယွီ့ကို အဲ့လို အဆက်ဖြတ်ပစ်လို့မရဘူး..sob* "

"ကျစ်* ဇယားမရှုပ်နဲ့  ပြတ်ပြီ.."

" Daddy.. ယွီ့ကိုမထားခဲ့ပါနဲ့.....!! Daddy.. Daddy..!! ဟင့်*.. ယွီ့ကို ငဲ့ကြည့်ပါဦး... ယွီက Daddy ကို သိပ်ချစ်တာလေ.."

စိတ်နှောက်စရာဇယားကို ဖြတ်ချပြီး ကားပေါ်အေးဆေးတက်သွားပြီဖြစ်တဲ့ရှောင်းကျန့်။

အဲ့လိုပဲ.. ရှောင်းကျန့်ဆိုတဲ့လူသားက ဘယ်အရာကိုမှ နှစ်နှစ်ခြိုက်ခြိုက်မသုံးစွဲတက်ဘူး။
အများဆုံးတစ်ပါတ်အထိ အသုံးပြုခဲ့မယ်ဆိုရင် ဒီပစ္စည်းအတော်ကောင်း၍ဖြစ်ပါလိမ့်မည်။

နောက်ဆုံးပေါ်ကားကလေး ကျယ်ပြန့်တဲ့လမ်းမထက် တရွေ့ရွေ့ကလေးမောင်းနှင်နေသည်။

ME BEFORE YOU [ ZSWW ] Where stories live. Discover now