Me Before You // 5//

1.1K 103 34
                                    

#Unicode ver

.

.

.....

ဆောင်းဝင်ချိန်မှာ မနက်အစောကြီးမြူဆိုင်းနေချိန် တောအုပ်တစ်နေရာရာကို ရောက်နေသကဲ့သို့
မျက်စိသူငယ်နားသူငယ်ဖြင့် ဘယ်သူ့ကို အားကိုးရမလဲ မသိတော့တဲ့အခါ ကြောက်စိတ်တို့က အလုံးအရင်းတိုးဝင်လာခဲ့သည်။

နှင်းဆီဖူးသဖွယ်နှုတ်ခမ်းငယ်လေးဟာ လျှာနီနီရဲရဲကလေး၏တိုက်ခိုက်မှုကြောင့် စိုလဲ့လို့နေသည်။

လက်ချောင်းသွယ်သွယ်လျလျလေးတွေဟာလဲ အချင်းချင်းဆုပ်နယ်မှုတွေကြောင့် နီရဲ၍ သွေးကြေဥနေတော့သည်။

လှပသောအစိတ်အပိုင်းတစ်ခုချင်းဆီသည် တစ်မျိုးတစ်ဖုံတိုက်ခိုက်ခံနေရတော့သည်။

မူလပိုင်ရှင်ဖြစ်သော အကြင်သူသည် စိတ်လှုပ်ရှားနေလွန်း၍ ဘယ်လိုနာကျင်မှုမျိုးကိုမှ မခံစားနေရသယောင်ဖြင့်.....

" Miss Lynn ဖြစ်သမျှကိစ္စအဝဝကို ရှောင်းကျန်နဲ့ ရှင်းရလိမ့်မယ်  အခုတော့ ခွင့်ပြုပါဦး "

ရုတ်တစ်ရက်ငြိမ်သက်နေသောလေထုသည် ဦးကျန့်အရွယ် ဦးလေးတစ်ယောက်၏ စကားသံကြောင့် ပြန်လည်အသက်ဝင်လာခဲ့ပြီး တီLynn၏ မျက်နှာပေါ်တွင် တစ်ခုခုကို ကြောက်ရွံ့နေသည့်ဟန်။

အငယ်ကတော့ ထိုဦးလေးခေါ်ရာသို့ပါသွားရုံမှအပ မတက်နိုင်၊
ဦးကျန့်၏နာမည်ကို တရင်းတနှီးခေါ်နေသည်မို့ သေချာပေါက် ယုံကြည်ရသောသူဟု တထစ်ချယုံကြည်နေမိတော့သည်။

" ရိပေါ် ကျောင်းသွားရမယ်မလား ဦးလိုက်ပို့ပေးမယ် "

" .. ဟို.. ဦးလေးကြီးက ဘယ်သူလဲဟင် "

ကားတံခါးအဆင်သင့်ဖွင့်ပေး၍ ကျောင်းလိုက်ပို့မယ်ဟု ပြောလာသောဦးလေးကြီးကို ရိပေါ် တခါမှမမြင်ဖူးသည်မို့ မေးလိုက်မိသည်။

ဟိုတယ် ကတည်းက ခံစားနေရသောကြောက်ရွံမှုအနည်းငယ်မှာ မပြေပျောက်သေးသည်မို့ အသံများဟာ တုန်ယီနေလျက်။

" အာ.. ဦးနာမည်က ရှောင်ယန်း ရှောင်းကျန့်ရဲ့ငယ်သူငယ်ချင်းလို့ပဲ မှတ်ထားလိုက်
ကျောင်းသွားဖို့ နောက်ကျနေလိမ့်မယ် တက်တော့ "

ME BEFORE YOU [ ZSWW ] Where stories live. Discover now