Me Before You // 6 // ‼️

1.1K 96 26
                                    



Me Before You - 6

.

.

.

.

.

............

အငယ့်အနားကို ဦးကျန့်ပြန်ရောက်လာတဲ့နေ့တွေကစပြီး အငယ်တို့ ပျော်ပြီးရင်းပျော်နေရသည်။

တစ်ခါတစ်လေများဆိုရင် ရင်တဖိုဖိုဖြင့် ရင်ခုန်သံများမှာ စီးချက် မညီမညာဖြင့် အိပ်စက်လိုက်ရသည့် နေ့ရက်များစွာရှိနေသေးသည်။

ရက်တွေကြာလာတာနဲ့အမျှ ဦးငယ်ကြောင့် ရိပေါ် အချစ်ဆိုတာကို ခံစားမိလာပြီထင်တယ်..

ဟုတ်တယ် မတွေ့ရမနေနိုင်တဲ့ခံစားချက်ကို အချစ်လို့ ခေါင်းစဉ်တပ်လို့ရရင် ရိပေါ် ဦးငယ်အပေါ် စိတ်တွေယိမ်းယိုင်နေပြီ။

ဦးငယ်ကို တခြားမိန်းကလေးတွေနဲ့ တွဲမြင်မိရင် ရင်ထဲမှာ မကျေနပ်မှုလှိုင်းတွေထလာတာကလဲ ချစ်ခြင်းရဲ့အကျိုးသက်ရောက်မှုတစ်ခုဆိုရင် အင်းး ....

ဦးငယ်ဆိုတဲ့ဝဲဂယက်မှာ ရိပေါ် နစ်မျောနေပြီထင်ပါရဲ့... ။

ပန်းပင်လေးတွေရဲ့ရှေ့မှာ ထိုင်ရင်း ဟိုတွေးဒီငေးလုပ်နေတဲ့ အငယ်လေး...

ထုံးစံအတိုင်း ဦးငယ်မကြိုက်ပါဘူးဆိုတဲ့ ဘောင်းဘီတိုလေးကိုမှ ဝတ်ဆင်ထားသည်။

ဦးငယ်ကို ဆန့်ကျင်တာမဟုတ်၊ ဟိုတစ်ရက်က ဦးလေးကြီးနဲ့ အပြင်သွားဖြစ်နေတုန်းက အမှတ်မထင် ကျဲကျဲတစ်ယောက်နဲ့ ရယ်မောနေတာကို တွေ့ခဲ့ခြင်းကြောင့် အငယ် ဦးငယ်ကို စိတ်ဆိုးသည်။

ဦးလေးကြီးက တစ်ဖက်မိန်းကလေးသည် လုပ်ဖော်ကိုင်ဖက် ဟုပြောသော်လည်း ရိပေါ် မကျေနပ်နိုင်ပါ။

တကယ် အငယ့်ကို အတ္တကြီးတယ် ပြောပြော ငယ်ရွယ်သူမို့  နားလည်မပေးနိုင်ပါ၊ ဆိုးချင်စိတ်တို့ကသာ အပြည့်ရှိလို့နေ၏။

" ဟိတ် ကောင်ကလေး တို့ လာထိုင်လို့ရလား "

" ဟင် ..!! "

ဟိုတစ်ရက်က တွေ့ခဲ့တဲ့အစ်မ။

ဆံပင်ကို မြှောက်စီးထားပြီး ပုံသွင်းထား၍ တစ်စွန်းတစ်စကျနေသည်။
တကယ့်ကို ရင့်ကျက်တဲ့မျက်နှာပိုင်ရှင် ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Feb 17 ⏰

Add this story to your Library to get notified about new parts!

ME BEFORE YOU [ ZSWW ] Where stories live. Discover now