#Unicode Ver
.
.
..............
ဒီရက်ပိုင်း ဦးကျန့်ကို အငယ် မတွေ့မိပါ...။
ဘွားကတော့ Foreign သွားနေသည်ဟု ရိပေါ်သိရုံလောက်သာ ပြောပြထားသည်။
တစ်ပါတ်တိတိကြာနေပြီဖြစ်ပြီး အဆက်အသွယ်နည်းနည်းလေးမှ မရ။ညဘက်တွေမှာ ထွေးဖက်မဲ့ရင်ခွင်ကျယ်ကြီးမရှိ၍ အငယ် မနေတက်တော့ပေ။
ပုခုံးပေါ်က နှုတ်ခမ်းပါးတွေရယ်၊ နှာဖျားဝကလေခပ်နွေးနွေးတွေကို သဘောမကျဘူးဟုပြောလျှင် အငယ် လိမ်ခြင်းဖြစ်သည်။
ဖုန်းကလေးကို ဖွင့်လိုက်၊ပိတ်လိုက်ဖြင့် တစ်စုံတစ်ယောက်ထံမှ အဝင်callကို စောင့်နေမိတဲ့ ရိပေါ်။
ထမင်းလဲ ဟုတ်တိပတ်တိသိပ်မစား၍ ဘွားကတောင် များများစားဖို့ပြောနေသေးသည်။
ဒါပေမဲ့ ပန်းကန်ထဲကို ဟင်းထည့်ပေးတက်တဲ့လက်တစ်စုံပျောက်နေ၍ အငယ် လွမ်းသလိုလိုတော့ရှိသား။
" အငယ် ကျောင်းသွားကြမယ်လေ "
" ဟုတ် ဘွား "
ဖုန်းကို လွယ်အိတ်ထဲထိုးထည့်ပြီး အပြေးကလေးဆင်းလာသည့်အခါ ဧည့်ခန်းထဲမှ ဦးနှင့်ရွယ်တူ တီတီတစ်ယောက်နဲ့ ဘွားက ဖော်ရွေစွာစကားပြောနေကြသည်။
ခပ်ကုပ်ကုပ်လေး ဘွားအနားသွားသည့်အခါ ထိုတီတီက အငယ့်ကို ကြည့်နေသည်။
" ဒါက အငယ်ပေါ့ ဟုတ်လား အန်တီ "
" ဟုတ်တယ် Lynn သားကျန့်ရဲ့ကလေးလေးပေါ့ အရင်ကဆို သားကျန့်က ကျောင်းလိုက်ပို့နေကြလေ.. ဟင်း ဟင်း "
" ချစ်စရာလေးပဲ Sean မွေးစားလဲ မွေးစားလောက်ပါတယ် "
ဝါဂန်အပြာလေးနဲ့ ကျက်သရေရှိနေတဲ့တီတီက ရိပေါ်ကို ခပ်ပြုံးပြုံးကြည့်၍ ဆိုလာသည်။
" ဘယ်ကသာ မွေးစားသားမဟုတ်ဘူး Lynnရဲ့ သားကျန့်ရဲ့အသည်းမွှာလေး "
" ရှင် "
Lynn ရုတ်တရက် နားမလည်နိုင်အောင်ပဲ...။
ရှောင်းမားရဲ့စကားတွေက ကောင်လေးသာ မိန်းကလေးတစ်ယောက်ဆို ချွေးမတစ်ယောက်ကို အပြင်လူနှင့် မိတ်ဆက်နေခြင်းနှင့် တူနေသည်။