(2)

274 29 5
                                    

(Unicode)

Sunghoon ဘ၀၏ မမေ့နိုင်ဆုံးသောနေ့ရက်များကိုပြောပါဆိုလျှင် သူ့ဘ၀ထဲသို့ Sim Jaeyun ဆိုသော လူသားလေး စတင်၀င်ရောက်လာသည့် ထိုနေ့သည်လည်း မပါမဖြစ် ပါဝင်နေလိမ့်မည်။

ထိုနေ့ကို Sunghoonမှတ်ဥာဏ်ထဲတွင် စွဲထင်စွာ ယခုတိုင် သေသေချာချာ မှတ်မိနေပါသေး၏။ သူ၏အချစ်ရဆုံးလူသားလေးက ရိုရှင်းစွာသာ သူ့ထံရောက်ရှိလာခဲ့ပါသည်။

ထိုနေ့က Sunghoonသည် မနက်ကျောင်းလာသည့် အချိန်ကတည်းက ကျောင်းသူများ အသီးသီး စကားဖောင်ဖွဲ့နေကြသည်ကို သတိထားမိခဲ့သည်။ ထို့နောက်ပြောနေသည်ကလည်း တူညီသည့် အကြောင်းအရာတစ်ခုထဲသာ..။

"ဟဲ့ ဒီနေ့ကျောင်းသားအသစ် ရောက်မယ်တဲ့"

"အေး ငါလည်းကြားပြီးပေါ့...Australiaကပြောင်းလာမယ်ပြောတာပဲ"

"Full Scholarship နဲ့တဲ့"

"Wow မိုက်လိုက်တာ! ငါတော့ခုကတည်းက သြဇီသားလေးကိုစိတ်၀င်စားနေပြီ။ ရုပ်လေးပါချောရင်တော့ငါ့ဟာပဲနော်"

မိန်းကလေးများ၏ ဟိုတစ်စဒီတစ်စ စကားသံများကို Sunghoon အခန်းသို့လျှောက်သွားရသည့် လမ်းတစ်လျှောက်လုံး အဆက်မပြတ်ကြားခဲ့ရသည်။ အခန်းထဲသို့ ၀င်လိုက်ချိန်တွင်လည်း ကိုယ့်အစုနှင့်ကိုယ် ထိုအကြောင်းများကိုသာ ပြောနေကြသူအများအပြား..။

Sunghoon လည်း ဂရုစိုက်မှု သိပ်မရှိပါဘဲ သူ့နေရာသို့သာ ဦးတည်သွားလိုက်သည်။ ဤအခိုက် သူ့ရှေ့တွင်ထိုင်နေသော Jay ကလှည့်လာလျက်..

"ဟေး Sunghoon ဒီနေ့ကျောင်းသားအသစ် ပြောင်းလာမယ်တဲ့"

Sunghoon မှာမျက်ခုံးများ တွန့်ချိုးမိသွားတော့သည်။

"သိတယ်..သိတယ် ရောက်ကတည်းကလူတိုင်း အဲ့အကြောင်းပဲပြောနေကြတာ စိတ်ရှုပ်စရာတောင် ကောင်းလာပြီ။ သူ့ဘာသာ ပြောင်းလာလည်းလာပစေပေါ့ အခုတော့နားငြီးစရာတွေ!"

Jay ကတော့ တစ်ချက်ရယ်လိုက်၍

"သူတို့ပြောလည်း ပြောချင်စရာပဲမလား? ငါတို့ကျောင်းက တော်ရုံလူပြောင်းလာနိုင်တာမျိုးမှ မဟုတ်တာ။ ပြီးရင် full scholarship နဲ့ဆိုတော့ ငါတို့အသိုင်းအဝိုင်းထဲကလည်း မဟုတ်လောက်ဘူး။ အဲ့တော့ အကုန်လုံးရဲ့စိတ်၀င်စားမှုရနေတာပေါ့။"

The Truth Untold // SungjakeWhere stories live. Discover now