(14)

138 18 6
                                    

(Unicode)

နောက်တစ်နေ့နံနက်၌ Jake သည် အခန်း၀သို့ တမျှော်မျှော်နှင့် Sunghoon အတန်းလာမည့်အချိန်အား စောင့်ဆိုင်းနေမိသည်။ သူစိုးရိမ်မှုလွန်ကဲနေသည်ဟု ပြောခံရလည်း မတတ်နိုင်ပါချေ။ မနေ့ကလောက် Sunghoon မျက်နှာပျက်နေခြင်းမျိုး သူမြင်မှမမြင်ဖူးခဲ့ဘဲ။ Sunghoon မှာ သူ့ရှေ့တွင် မသိသာအောင်ဟန်ဆောင်နေသော်လည်း ထိုဟန်ဆောင်မှုကမပီပြင်လှပါချေ။ Sunghoon နှင့်သူ့အမေဖြစ်သူကြားတွင် တင်းမာမှုရှိနေသည်ကို Jake သေချာပေါက် သတိထားမိခဲ့၏။ ယခင်ကတည်းက Sunghoon သည် အိမ်နှင့်အဆင်မပြေလောက်ဟု ခန့်မှန်းမိသော်လည်း မနေ့က ခဏလေးကြုံလိုက်ရသည့် အခြေအနေက သူ့အားထပ်မံအတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်နေသည်။

ကျောင်းတက်ခေါင်းလောင်းထိုးသည်အထိ Sunghoon ရောက်မလာခဲ့သဖြင့် Jake အလွန် စိုးရိမ်လာမိသည်။ ထို့နောက် Jay ရောက်လာသည့်အချိန်တွင် သူမျက်နှာမကောင်းသည်ကို မြင်ရသဖြင့် စိုးရိမ်သွားကာ..

"Jake မနေ့က ငါလည်းကိစ္စလေးပေါ်လာလို့ မင်းတို့ဆီမလာဖြစ်လိုက်တာ။ အဆင်ပြေရဲ့လား? Sunghoon လည်းကျောင်းမလာလို့.."

"ငါက အဆင်ပြေပါတယ်။ ငါလည်း Sunghoon အတွက်ပဲစိုးရိမ်နေတာ။ မနေ့က ငါတို့စာလုပ်မလို့ရှိသေး Sunghoon အမေရောက်လာတာလေ"

Jay အမူအရာအနည်းငယ် ပျက်သွားသည်ကို Jake သတိထားမိလိုက်သည်။

"အဲ့ဒီတော့ ဘာဆက်ဖြစ်သေးလဲ?"

"ငါလည်း သေချာမသိဘူး။ Sunghoon နဲ့သူ့အမေက ပြောစရာရှိတယ်ဆိုလို့ ငါလည်းချက်ချင်း ပြန်လာလိုက်တာ။ Sunghoonie...အဆင်ပြေလောက်မှာပါနော့?"

"အင်း...ထင်ရတာပဲ"

သို့သော် Jay လည်း မျက်နှာမကောင်းတော့ဘဲ တစ်စုံတစ်ခုကို တွေးတောနေဟန် တိတ်ဆိတ်သွားခဲ့၏။ ခဏအကြာတွင်တော့ Jake မှာ သည်းမခံနိုင်တော့ဘဲ..

"Jay..ဟိုလေ ငါစပ်စုသလိုတော့ဖြစ်နေပေမယ့် ငါ့ကို Sunghoonရဲ့ အိမ်အခြေအနေလေး ပြောပြပေးနိုင်မလား? မနေ့က Sunghoonအမေနဲ့ Sunghoon ပုံစံကြည့်ရတာ ဘယ်လိုမှ ဆက်ဆံရေးကောင်းပုံမပေါ်ဘူး"

Jay သည် သက်ပြင်းတစ်ခုချလိုက်ကာ..

"အင်း..တကယ်တော့ ဒီအကြောင်းတွေ မင်းလည်းသိသင့်နေပါပြီ။ နောက်ဆို မင်းဆီပါအမှုပတ်လာနိုင်တော့.."

The Truth Untold // SungjakeWhere stories live. Discover now