(29)

128 18 0
                                    

(Unicode)

Sunghoon မှာ သူလုပ်ခဲ့မိသည့်အပြုအမူက အနည်းငယ်လွန်သွားသည်ဟု ခံစားရတာကြောင့် ဤရက်အနည်းငယ်အတွင်း Jake တစ်ကိုယ်တည်း လွတ်လွတ်လပ်လပ်နေနိုင်စေရန် ထိပ်တိုက်မတွေ့မိအောင် ရှောင်ပေးနေခဲ့သည်။ သူ့အကောင်ပေါက်လေးကို လန့်သွားအောင်လုပ်ဖို့ သူတကယ် မရည်ရွယ်ခဲ့တာပါ။ သို့ပေမယ့် သ၀န်တိုစိတ်နဲ့ဒေါသစိတ်က အရမ်းများသွားခဲ့တော့ ထိုအချိန်၌ သူ့ကိုယ်သူ ဘယ်လိုမှ မထိန်းချုပ်လိုက်နိုင်ဘူး။ Jake သူ့ကို စိတ်ဆိုးနေလောက်သည်ဟု တွေးမိတာကြောင့်လည်း တမင်တကာ အလုပ်ထဲ ပို၍ စိတ်နှစ်ထားလိုက်တော့သည်။

တစ်ဖက်တွင်လည်း Jake မှာ နောက်လ၌ စာမေးပွဲဖြေရတော့မည်ဖြစ်သည်မို့ သူ့စာသူသာ အာရုံစိုက်ထားလျက် ဘာသိဘာသာ နေနေခဲ့သည်။ သူ Sunghoon ကို စိတ်ဆိုးနေခြင်းမဟုတ်ရပါ။ Jake Sunghoon၏စိတ်ကို အပြည့်အဝ နားလည်ပေးနိုင်ပါသည်။ သူနှင့် Heeseung hyung က ရိုးရိုးသားသားဆိုပေမယ့် Sunghoon အမြင်မှာတော့ ထိုသို့ဘယ်ဖြစ်နိုင်ပါ့မလဲ?

ထို့ပြင် သူ့ရောဂါအခြေအနေမှာလည်း ပို၍ဆိုးလာနေပြီဖြစ်၏။ အင်းပေါ့လေ..အရင်က တစ်နှစ်ကျန်သေးသည်ဆိုသော အချိန်မှာ သူမသိလိုက်ခင်ကာလ၌ပင် ငါးလကျော်ကျော်မျှသာ ကျန်တော့သည်တဲ့။ သူ့ခန္ဓာကိုယ်မှာလည်း သိသိသာသာ အားနည်းလာကာ နှာခေါင်းသွေလျှံသည့် အကြိမ်အရေအတွက်လည်း ပိုများလာ၍ တစ်ခါတလေ သူချောင်းဆိုးသည့်အခါ၌ သွေးစအချို့ပင် ပါလာနေခဲ့ပြီ။ ဤရက်ပိုင်း သူက စာများ၍ အခန်းတွင်းအောင်းနေပြီး Sunghoon ကလည်း ကုမ္ပဏီကိစ္စများဖြင့် အလုပ်ရှုပ်နေလို့သာ တော်သေးတာပေါ့။ မဟုတ်ပါက သူ့အား အရိပ်တကြည့်ကြည့် နေတတ်သော Sunghoonမှာ အခြေအနေကို ရိပ်မိသွားနိုင်သည် မဟုတ်လား?

Sunghoon ဤသို့ ရှောင်နေခြင်းက သူ့အတွက် ကောင်းသည်မှန်သော်လည်း Jake စိတ်ထဲတွင် တစ်နည်းတစ်ဖုံ မကျေနပ်နိုင်လည်း ဖြစ်နေမိပြန်သည်။ အ၀ေးတွန်းထုတ်ဖို့ ကြိုးစားနေသည်က သူကိုယ်တိုင်ဖြစ်သော်ငြား တကယ်တမ်း Sunghoon က သူ့အားရှောင်ဖယ်၍နေနေသည့်အခါ မနေတတ်ဖြစ်နေမိတာလည်း သူကိုယ်တိုင်ပါပင်။

The Truth Untold // SungjakeМесто, где живут истории. Откройте их для себя