အပိုင်း(၅)

1.3K 106 15
                                    


ဘာလိုလိုနဲ့ကျွန်တော်တို့ ကျောင်းကောင်စီအသင်းတွေဘောလုံးပြိုင်ကန်ကြမဲ့ အချိန်သို့ရောက်လာပြီဖြစ်သည်။

ဒီရက်ပိုင်းတွင်းမှာထူးခြားသည်ဆိုလို့ Facebook တွင် ဒေါ်ထိပ်ထားဗိုလ်နှင့် Fri ဖြစ်သွားသည်သာရှိသည်။ ဟိုအပျိုကြီးဆူပုတ်မှာတော့ ခုချိန်ထိလက်မခံသေးပေ။ ချေလဲ‌ေချနိုင်တဲ့အပျိုကြီး။
ဒေါ်ရည်မွန်ခမှာတော့ acc ပါရှာလို့မတွေ့ချေ။
ဒါပင်မဲ့လဲလွန်ခဲ့တဲ့ရက်ပိုင်းက ဒေါ်ရည်မွန်ခနှင့်အနည်းငယ်ရင်းနှီးလာခဲ့သည်။ ကျွန်တော်စုံစမ်းရသလောက် ကျွန်တော်အိမ်နှင့်တစ်လမ်းကျော်တွင်နေထိုင်သည် မိဘများတော့မရှိတော့ပေ။

"ဟာနေကြီး ဟိုတစ်ပတ်သောကြာနေ့ကဘာလို့လာမတက်တာလဲ နေမကောင်းလို့လား"

နေ့လည်ထမင်းစားချိန်တွင်မေးလာသောခင်ကြီးကြောင့်စားလက်စ ထမင်းကို ခဏရပ်လိုက်သည်။

"အဲ့နေ့က ငါတို့အတန်းပိုင်မလာဘူးမလား အဲ့တော့ အတန်းကိုဒေါ်ရည်မွန်ခ ခဏတာဝန်ယူရတယ်မလား"

"အင်းလေ"

"ငါသူငယ်ချင်းတစ်ယောက်ကိုစုံစမ်းခိုင်းတော့ ဒေါ်ရည်မွန်ခက ငါတို့တစ်လမ်းကျော်မှာနေတာလေ အဲ့တာနဲ့ငါလည်းသူ့အိမ်ရောက်ချင်တာနဲ့ သူ့ဆီကိုသွားပြီးခွင့်သွားတိုင်လိုက်တာ ခရီးခဏသွားစရာရှိလို့ဆိုပြီး"

"အကြံနဲ့ပဲဘဲကြီးက"

"နှင်းဆီတစ်ပွင့်တောင်ပါအောင်ယူသွား‌သေးတယ်ငါက အဖြူရောင်လေးလေ ဟဲဟဲ"

" အဲ့တာကြောင့်ဖြစ်မယ်အဲ့နေ့ကနှင်းဆီအဖြူပန်လာတာတွေ့လိုက်တယ်"

"အဲ့တာငါပါ ဟီး"

"နေစမ်းပါအုံးနေကြီးက ကျောင်းပျက်လို့ခွင့်သွားတိုင်တာလား ဆရာမကိုချစ်ခွင့်သွားပန်တာလား"

တစ်ချိန်လုံးခင်‌ကြီးနဲ့ပြောနေသမျှကိုငြိမ်ပြီးနားထောင်‌ကာထမင်းစားနေသော သိမ့်တုန်မှမေးလာသည်။

"ဪ ခွင့်တိုင်ရင်း ဟိုကသူ့ချစ်ခွင့်ပန်တယ် ထင်ပြီး အဖြေပေးလည်းအမြတ်ဆိုပြီးပေးတာဖြစ်မှာပေါ့"

Appreciate the flower you wearWhere stories live. Discover now