အပိုင်း(၆)

1.2K 102 3
                                    

နေကြီးတဲ့ရဲ့ကျောင်းကောင်စီဘောလုံးပြိုင်ပွဲကြီးဟာ ဘာလိုလိုနဲ့ final သို့ရောက်လာပြီဖြစ်သည်။

နေကြီးတို့ရဲ့ အနီအသင်းဟာအားကြိုးမာန်တက်ဖြင့်ကန်ကာ နေကြီးတို့ရဲ့ အသံဝင်အောင်အားပေးတဲ့မှုတွေကြောင့် နောက်ဆုံးမှာတော့ finalသို့ မရောက်ပင်မဲ့ တတိယဆုတော့ရခဲ့တယ်ပေါ့လေ။

ဒီနေ့ကတော့အစိမ်းနဲ့အဝါနဲ့ကန်မဲ့ final ပွဲပဲဖြစ်ပါတယ်။အစိမ်းအသင်းကတော့ အနီနဲ့ယှဉ်ပြိုင်ကာ အနိုင်ရရှိတဲ့အသင်းဖြစ်ပြီး အဝါအသင်းကတော့လိ‌မ္မော်နဲ့ယှဉ်ပြိုင်ကာ အနိုင်ရ၍တက်ရောက်လာတဲ့အသင်းဖြစ်သည်။

"ဟျောင့်ငါအဲ့စော်တွေရဲ့ အသံကိုနားမခံနိုင်တော့ဘူး"

အဝါအသင်းတွင်အများဆုံးပါရှိနေသော‌ သူတို့ရဲ့ ရည်းစားတွေ crush တွေကြောင့် လင်တရူးတစ်သိုက်ရဲ့အော်သံများမှ ဆူညံလွန်းလှသည်။

*ဘာကြည့်ပြီးများကြိုက်ကြပါလိမ့်တစ်ကောင်မှလဲပုံမလာပဲ*

"နေကြီးရေ ဟိုဘက်သွားကြမလားတို့"

"အေးသွားကြရအောင် ငါနားကွဲတော့မယ်"

ပုတီးရဲ့ခေါ်ဆောင်မှုနဲ့အတူနေကြီးလဲအပျိုကြီးတို့ရှိရာပွဲစင်ပေါ်သို့ရောက်လာသည်။

အခါအခွင့်သင့်ပြီး ဒေါ်ဒေါင်းနှင်းမေရဲ့အ‌ေနာက်တည့်တည့်၌ရပ်ရသည်။ဒေါင်းဒေါင်းနှင်းမေရဲ့ ဘေးတွင်ထိုင်နေသော ဒေါ်ရည်မွန်ခမှာတော့ သူ့အပြာအသင်းရှုံးပြီးတဲ့နေ့ထဲကအသံပင်မထွက် လက်တန်းကိုမှီလျက် နောက်ဆက်တွဲပွဲတိုင်းကိုတိတ်ဆိတ်စွာသာကြည့်နေသည်။

နေကြီးတစ်‌ယောက်လဲဘောပွဲကိုအာရုံမရောက်ပေမျက်စိရှေ့ကအပျိုကြီးကိုသာကြည့်နေမိသည်။

"ဟဲ့သေးသေးလေး"

"ဟင် ဟန် နေကြီးဘာပြောလိုက်တာ"

"‌ဪ ကလစ်လေးလေ ပန်းပွင့်ပုံလေးပိစိလေးတွေ"

နေကြီးလဲလက်ဖြင့်ဒေါ်ဒေါင်းနှင်းမေပန်ထားသော ကလစ်လေးအားလက်ဖြင့်ထိုးပြလိုက်သည်။အပျိုကြီးမှာအရှေ့ကခုံလေးမှာကျုံကျုံလေူထိုင်နေသဖြင့်‌နေကြီးအသည်းယားနေခြင်းပေ။

Appreciate the flower you wearWhere stories live. Discover now