အပိုင်း(၇)

1.2K 96 16
                                    

ပထမရက်မှစ၍နေကြီးတစ်ယောက်ကြိုးစားဖြေဆိုခဲ့ရာအောင်မည်လို့တော့ထင်မိသည်။ဒီနေ့ Bio နဲ့ လူမှုရေးသိပ္ပံဖြေဆိုရမည့်နေ့ပင်။ ဒါသာဖြေပြီးရင် ပထမပတ်စာမေးပွဲပြီးပြီ။

"နေကြီးမျက်နှာကြီးက‌ပြုံးဖြီးလို့ပါလား"

"ဒီနေ့ပြီးရင် အိမ်မှာရှယ်နားလို့ရပြီလေ "

"နေကြီးရယ်ခုမှပထမပတ်စာမေးပွဲပြီးတာပါ‌လို့ နောက်များကြီးကျန်သေးတာကို အချိန်ကရှိတာမဟုတ်ဘူးစာလုပ်ရအုံးမယ့်ဟာကို"

"နင်တော်လိုက်‌တော့ hyper သိမ့် ခုမှဖြေပြီးမလို့ကျန်ခါရှိသေး နောက်ကိစ္စနောက်မှပြော"

"ဟုတ်ပါပြီ ခုတော့လိုက်ခဲ့ bio လာနွေး"

"နွေးရအောင်အစထဲကကျက်မှမကျက်ခဲ့တာကို"

"ဟာလုပ်ပြန်ပြီ  မရဘူး အဲ့တာဆိုအခုကျက် တစ်ပုဒ်ရလဲတစ်ပုဒ်ပဲ"

Hyperကြီးမှာတစ်ခန်းလုံးကိုလျှောက်သွားပြီး မိုးတိုးမက်တပ်ဖြစ်နေသော နေကြီးကိုလက်မှဆွဲ၍ခေါ်လာကာထိုင်စေ၍စာကျက်စေသည်။

*ငါ့ကိုကယ်တင်မဲ့ နတ်သမီးလေးများမရှိတော့ဘူးလား သူ့လက်ထဲကကယ်တင်ကြပါအုံး*

စာအုပ်ကြီးရှေ့ချကာ ကယ်တင်ရှင်ပေါ်လာရန်သာဆုတောင်းနေမိသည်။

"အားလုံးကိုယ့်နေရာကိုယ်လာပြန်ထိုင်ကြ"

*အောင်မလေးငါ့ရဲ့ကယ်တင်ရှင်အပျိုကြီး*

နေကြီးလဲစပ်ဖြီးဖြီးလုပ်ကာ hyper သိမ့်အား လွတ်လပ်ရေးရသောပုံဖြင့်ထွက်လာပေသည်။

Hyper ကြီးမှာတော့မျက်နှာကြီးဆူပုတ်လျှက်

"ကဲကဲ အားလုံးရဲ့ Attention  ကျွန်မခဏလောက်ရနိုင်မလား"

ခုချိန်ထိဆူညံပွက်လောရိုက်နေသောအတန်းအားအပျိုကြီးမှရွဲ့ကာဆိုလေသည်။

တစ်ခန်းလုံးလဲငြိမ်လိုက်ကြသည်။ သူအခုလိုရွဲ့လာပြီဆို အခြေအနေသိပ်မကောင်း။

နေကြီးလဲကိုယ့်နေရာကို‌ထိုင်နေရာမှနားစွင့်မိသည်။

"ဒီအပတ်စနေပိတ်ရက်ဟာ ဆရာမတို့ရဲ့ ဝါဆိုသင်္ကန်းအပတ် ဖြစ်တယ် ဒါကြောင့်ဘုန်းကြီးတွေကိုကပ်ဖို့တက်နိုင်သလောက်ပါဝင်ပေးပါ သင်္ကန်းတွေကတော့တခြားအခန်းကလှူပြီးပြီ ထပ်လှူချင်လဲမင်းတို့သဘော As you likeပါ တစ်ခုခုလှူချင်တာရှိလာပြောပါ"

Appreciate the flower you wearWhere stories live. Discover now