Chapter 8

558 82 3
                                    

Uni

27.

သို့ရာတွင် ဥက္ကဋ္ဌတစ်ယောက် တံခါးဖွင့်လိုက်သည့်အခိုက် လရောင်ဖြူလေးအား တွေ့လိုက်ရသည်။

" အိပ်နေပြီလား "

လရောင်ဖြူလေးက ညဉ့်နက်သန်းခေါင်အချိန်တွင် သူ့ထံလာခဲ့သည်။ သိသိသာသာ သူပျော်သင့်သည်မဟုတ်ပေလား။ သို့သော် ဥက္ကဋ္ဌတစ်ယောက် တချို့သောအကြောင်းများကြောင့် အနည်းငယ် စိတ်ပျက်သွားသည်။

လရောင်ဖြူလေးက ဥက္ကဋ္ဌ၏အိပ်ယာပေါ်တွင် ထိုင်လိုက်သည်။

" ငါ ရေခွက်ကို မတော်တဆတိုက်လိုက်မိတာ အိပ်ရာခင်းတွေစိုကုန်တယ်လေ။ အဲ့ဒါကြောင့် ဒီမှာတစ်ညလောက် အိပ်မလားလို့။ "

ထိုအကြောင်းအားကြားသော်လည်း ဥက္ကဋ္ဌက စကားတစ်ခွန်းမဆိုသေးချေ။ အိပ်ရာနားတွင်သာ ရပ်နေလေ၏။ နောက်ဆုံးမှာတော့ ပြောလာသည်။

" အိမ်မှာ အိပ်ရာခင်းအပိုတွေရှိတယ်လေ "

" ငါခုနလေးတင်ပဲ မင်းအလုပ်သမားဆီ ရောက်ခဲ့သေးတယ်။ အိပ်ရာခင်းအပိုတွေအကုန်လုံးက လျှော်ထားတာတဲ့။ "

ဥက္ကဋ္ဌက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး အောက်ထပ်ကိုခဏသွားဖို့ ဆင်ခြေတစ်ခုပေးလိုက်သည်။ လရောင်ဖြူလေးပြောသည့်အတိုင်းပင်။ အဝတ်လျှော်ခန်းထဲသို့ ရောက်ရောက်ချင်းပင် အဝတ်လျှော်စက်၏ အပြေးအလွှားလည်နေသော စက်သံကိုကြားလိုက်ရသည်။ ထို့ပြင် သူ့ဘေးရှိ အဝတ်လှန်းကြိုးတွင်လည်း လှန်းထားသည့် အိပ်ရာခင်းများရှိနေလေ၏။

လရောင်ဖြူလေးက ငယ်စဉ်ကပင် အလိုလိုက်ခံရထားသည့် သခင်လေးတစ်ဦးဖြစ်သည်။ သူကိုယ်တိုင် လျှော်ဖွပ်ထားခြင်းတော့ မဟုတ်တန်ရာ။ သည်အိပ်ယာခင်းများအား လျှော်ဖွတ်ထားသူမှာ အစားထိုးလေးတစ်ဦးသာ ဖြစ်နိုင်ချေရှိတော့သည်။

တိုက်တိုက်ဆိုင်ဆိုင် ယခုအချိန်က တစ်အိမ်လုံးရှိ အိပ်ရာခင်းအားလုံး လျှော်ဖွပ်ချိန်ဖြစ်နေသည်။

ဥက္ကဋ္ဌက သူ့အခန်းသူ ပြန်လာခဲ့လိုက်သည်။ အခန်းသို့ရောက်သော် ညအိပ်ဝတ်စုံအားဝတ်ထားသည့် လရောင်ဖြူလေးက အိပ်ရာပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး အိပ်ရာဘေးရှိ စာအုပ်တစ်ချို့အား လှန်လှောကြည့်နေသည်ကို တွေ့လိုက်ရသည်။

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now