Chapter 29

375 62 0
                                    

Uni

93.

အချိန်ကို ဖမ်းဆုပ်ထားရန် သူပိုကြိုးစားလေလေ အချိန်ကုန်မြန်လေလေဖြစ်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်က တစ်ပတ်သာကျန်တော့သည်။

အစားထိုးလေးတစ်ယောက် သူ့ကိုယ်သူ သတိပေးနေလေ၏။ သူက အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်ပြီး ပိုက်ဆံရှိနေသ၍ သူ ဘာကိုမျှ ဂရုမစိုက် ဟူ၍ပင်။

သို့သော်လည်း ဥက္ကဋ္ဌအားကြည့်ကာ သူ ပို,ပိုပြီး တွန့်ဆုတ်လာသည်။

သူက ဆိုးရွားသည့် အခြေအနေတွင် ရှိနေသည်။ တစ်ခါက သူ ပါမောက္ခကြီးရှေ့၌ အမှားလုပ်မိသွားပြီး ပြင်းပြင်းထန်ထန် အဆူအငေါက်ခံလိုက်ရသည်။

ပါမောက္ခကြီးက ပြောသည်။

" မင်း စာ,သင်ရော သင်ချင်သေးရဲ့လား "

အစားထိုးလေးက ခေါင်းငုံ့ထားပြီး အဆူအငေါက်ခံနေခဲ့သည်။ ပါမောက္ခကြီးကတော့ ဆက်ပြောနေခဲ့လေ၏။

" မင်းမှာ ဘာတိုးတက်မှုမှ ရှိမလားဘူး။ ပထမဆုံးအနေနဲ့ Z က မင်းကို ဆက်လာခွင့်ပြုဖို့ ရက်အနည်းငယ်လောက်က တောင်းပန်ခဲ့တယ်။ အခု မင်းလုပ်ပုံနဲ့ဆိုရင် ဘယ်လိုလုပ်ပြီး သူလုပ်ပေးထားရတာနဲ့ ထိုက်တန်တော့မလဲ .. "

ပါမောက္ခကြီးက သူပြောသည့်နောက် စာတချို့ကို စားပွဲပေါ် ပစ်ချလိုက်ပြီး အစားထိုးလေးအား ဖတ်ခိုင်းလိုက်သည်။

ထိုစာများအားလုံးမှာ ဥက္ကဋ္ဌထံမှ လက်ရေးစာများပင်။

ယခင်က ပါမောက္ခကြီးမှာ ဥက္ကဋ္ဌနှင့်ပတ်သတ်၍ တစ်ခါမျှ မပြောခဲ့ဖူးချေ။ စာများကို ဖတ်ပြီးသည့်နောက်မှာတော့ ပါမောက္ခကြီးက ဥက္ကဋ္ဌ၏ ဦးလေးဖြစ်မှန်း အစားထိုးလေးတစ်‌ယောက် သိလိုက်ရလေ၏။

စာထဲတွင် ဥက္ကဋ္ဌက သူ့ဦးလေးအား ကျောင်းသားလက်ခံပေးရန် မျှော်လင့်ကြောင်း နှိမ့်နှိမ့်ချချရေးထားပြီး အစားထိုးလေး၏ အားသာချက်များကိုလည်း ရေးထားလေသည်။

ဥက္ကဋ္ဌ ရေးထားသည်က ဤသို့ပင်။

" သူ့နောက်ခံက သိပ်မကောင်းပေမယ့် သူက ဘယ်တော့မှလက်မလျှော့ဘဲ ဆက်လေ့လာနိုင်ဖို့ ကြိုးစားတယ်။ ကျွန်တော် သူ့စိတ်ဓာတ်ကို အရမ်းလေးစားတယ်။ ပြီးတော့ သူ ပိုတိုးတက်လာနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ သူက အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံနိုင်ပြီး ခေါင်းဆောင်တစ်ယောက်ဖြစ်လာမှာ သေချာတယ်။ သူက ဦးလေး ဂုဏ်ယူရတဲ့ ကျောင်းသားတစ်ယောက် ဖြစ်လာမှာပါ .. "

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now