Chapter 31

820 77 1
                                    

Uni

[ ဝါကျနှစ်ကြောင်း၊ သုံးကြောင်းသာပါရှိသည့် အပိုင်းများ ]

1.

အစားထိုးလေးက ခေတ္တမျှထွက်ပြေးသွားသည်ကြောင့် ဥက္ကဋ္ဌအမေတစ်ယောက် ဒေါသထွက်နေလေသည်။ ထို့ကြောင့် သူက ဒေါသတကြီးနှင့် အစားထိုးလေးအား အပြစ်ရှိစိတ်ကို ခံစားရစေရန်အလို့ငှာ တံခါးဝသို့လာခေါက်ရန် အဆင်သင့်ပြင်နေလေ၏။

ဥက္ကဋ္ဌတစ်ယောက် ထိုအကြောင်းကိုသိလိုက်ရသည့်နောက် သူ့အမေအား ယခုချိန်တွင် မလာသေးရန် တားခဲ့သည်။

ရက်အနည်းငယ်သာ မလာဘဲနေပြီးနောက် ဥက္ကဋ္ဌအမေက လာရန်စိုင်းပြင်းနေဆဲပင်။

ဥက္ကဋ္ဌအမေက အစားထိုးလေးအား တလက်လက်ထနေသည့် မျက်ဝန်းတစ်စုံနှင့် နှုတ်ဆက်လိုက်သည်။

ထို့နောက် သူက အစားထိုးလေးအား ဆိုးဆိုးရွားရွား ပြစ်တင်ကြိမ်းမောင်းခဲ့လေသည်။

ထိုအခါ အစားထိုးလေးသည်တော့ မဒမ်က မှန်ပါသည်။ သူ့အမှားပါ။ သူ့ကို ခွင့်လွှတ်ပါဟု အဓိပ္ပာယ်ရသော စကားတို့ကိုသာ ပြန်ပြောတတ်လေ၏။

ဥက္ကဋ္ဌက သူ့အမေအား အိမ်အမြန်ပြန်ရန် ဖျောင်းဖျနေခဲ့သည်။ မဟုတ်ပါက နောက်ကျသွားလိမ့်မည်။

သို့သော်လည်း အမှန်တကယ်ပင် နောက်ကျသွားခဲ့သည်။ အစားထိုးလေးက သူ့အမေရေးသားခဲ့သည့် စာအုပ်အား ထုတ်ယူလာသည့်အပြင် စာရွက်အတော်များများကိုပါ ထုတ်ယူလာလေသည်။

ထိုညတွင် ဥက္ကဋ္ဌအမေတစ်ယောက် သူ့သားက သူ့ကို ဘာကြောင့် ပြေးရန်ပြောသည်ကို နောက်ဆုံးမှာတော့ သိသွားလေ၏။

2.

ကျားတစ်ကောင်လို ဝံပုလွေတစ်ကောင်လိုပေါ့။ ( tn/ ဒီနေရာကို ပြောချင်တာက ကျားလို ၊ ဝံပုလွေလို မြန်မြန်ပြေးခိုင်းတာကိုပြောတာပါ ... )

ဥက္ကဋ္ဌ၏ အမေက အစားထိုးလေးအတွက် မှတ်ချက်တစ်ခု ရေးပေးခဲ့ရသည်။

3.

လရောင်ဖြူလေးတစ်ယောက် သူတို့အား suprise လုပ်ရန် ဥရောပသို့ သွားခဲ့သည်ကို မည်သူတစ်ယောက်ကမျှ မသိခဲ့ကြချေ။

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now