Soul Mate -11

9.5K 455 9
                                    

Unicode

အပြင်ဘက်က ကျေးငှက်တို့အော်သံနဲ့ အခန်းထဲသို့တိုးဝင်လာသော နေရောင်ကြောင့်ယိမ်း မျက်ခုံးများတွန့်ချိုးကာ မျက်လုံးများဖြေးညင်းစွာပွင့်လာတယ်။ မျက်လုံးပွင့်ပွင့်ခြင်း သူမြင်လိုက်တာက ကြီးမားတောင့်တင်းတဲ့ ရင်အုပ်နဲ့ ချောမောခန့်ညားလွန်းတဲ့ သူရဲ့ ချစ်လှစွာသောမာန့်ရဲ့မျက်နှာကိုပင်။ ကျက်သရေရှိလိုက်တဲ့ မနက်ခင်းပါလားလို့ သူမတွေးဘဲ မနေနိုင်တော့ပေ။

ယိမ်းဘေးက မီးစင်တင်ခုံပေါ်မှာ တင်ထားတဲ့ ဖုန်းယူကာအချိန်ကြည့်လိုက်သည် မနက် ၇ နာရီသာ ရှိသေးသောကြောင့် သူပြန်အိပ်ရန် ဟန်ပြင်နေစဉ် သူ့ဘေးတွင်အိပ်နေသောမာန်က အနည်းငယ် လှုပ်လာကာ မျက်လုံးများ ပွင့်လာ‌သောကြောင့် ယိမ်းက မာန့်ခေါင်းအား သူ့ရင်ခွင်ထဲသို့ ထည့်ကာ ဆံပင်ကို ညင်သာစွာ ပွတ်၍

“ စောသေးတယ် ပြန်အိပ်အုံး ”

“အင်းး”

ဟု မာန်က လေးပင်စွာဖြေပြီးနောက် ယိမ်းခါးအားတင်းကြပ်စွာ ဖက်လာသည်။ထိုနောက် နှစ်ယောက်လုံး တဖန်ပြန်အိပ်ပျော်သွားသည်။

---------

ယိမ်းပြန်နိုးလာတော့ မနက် ၁၀ နာရီကျော်နေပြီဖြစ်သည် ဘေးတွင်တော့ မာန်မရှိတော့ပေ။ယိမ်းမျက်နှာသစ်ရေချိုးပြီးမှ အင်္ကျီလဲရန်မပါသည်ကိုသတိရတော့သည်။သူတို့ မနေ့က မာန့်ညီနှင့်တွေယုံသာဟုဆိုပြီးအဝတ်တစ်ထည်ကိုယ်တစ်ခုနှင့်လာခဲ့ကြခြင်းဖြစ်သည်။ ယိမ်းတွေ့ရာ သဘက်တစ်ခုကိုသာပတ်၍ ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။

မထင်မှတ်ဘဲ ကုတင်ပေါ်‌တွင်ထိုင်နေသော မာန့်အားတွေ့လိုက်သည်နှင့် တပြိုင်နက် သူ့ခြေထောက်များအလိုအလျောက် ရေချိုးခန်းထဲသို့ပြန်လှည့်ပြေးမိသည်။သူ့အပေါ်ပိုင်းဗလာဖြစ်နေတဲ့ပုံနှင့်မာန့်အားမတွေ့ရဲပေ ယောင်္ကျားလေးချင်းဆိုပေမယ့်သူရှက်သည်။

သူအပေါ်ပိုင်းအားဖုံးရန်အတွက် တစ်ခုခုရှိလိုရှိငြား သူရှာလိုက်သော်လည်းဘာမှမတွေ့ပေ။ ထိုစဉ်အပြင်မှ မာန့်ကရုတ်တရက်ရေချိုးခန်းတံခါးအားလာခေါက်တော့   ယိမ်းလန့်သွားပြီး တံခါးအားပိတ်ရန်ပြေးသွားချိန်တွင် ကြွေပြားတွင်ပေနေသော ဆပ်ပြာကြောင့် ဖင်ထိုင်ရက် ပြုတ်ကျသွားသည်။

Way To Say " I Love You  "( Complete )Donde viven las historias. Descúbrelo ahora