Soul Mate - 23

9.3K 368 2
                                    

Unicode

သူ့အောက်မှာ ငြိမ်သက်စွာမျက်လုံးများ‌မှေးစင်းနေတဲ့ လူကိုမာန်ကြည့်လိုက်တယ် ။ သတိမေ့နေတာဘဲလား၊ အိပ်ပျော်နေတာဘဲလားမသိ၊ သေချာတော့ အသက်ရှုသံခပ်ခပ်ဖျော့ဖျော့လေးမှ အပအခြားလှုပ်ရှားမှုမရှိပေ။

သူယိမ်းရဲ့ပါးပြင်နုနုလေးကိုလက်လှမ်းလိုက်တယ်ပြီးတော့လည်ပင်း ၊ရင်ဘတ် ၊ အတိကျပြောရရင်သူကိုယ်တိုင်လုပ်ခဲ့တဲ့ အညိုအမဲ ဖြစ်နေသော အမှတ်အသား နေရာတွေကိုလက်ဖြင့်ပွတ်လိုက်တယ်။ထို့နောက် တိုးလျသော‌အသံဖြင့်ပြောလာသည်။

" တောင်းပန်ပါတယ် .. ကိုကို ကျွန်တော်... "

သူဆက်ပြောရန် အင်အားမရှိတော့ပေ ။ မာန်သည်ယိမ်းဓားရှမှာကိုတောင်စိုးရိမ်ခဲ့တဲ့သော်ငြားလည်း ယခုတွင်မှု သူကိုယ်တိုင် ယိမ်းအားနာကျင်မှုတွေပေးမိနေပါရော့လား..

အခုရက်ပိုင်း အရင်ကထပ် ထိန်းချုပ်နိုင်စွမ်းလျော့နည်းလာကြောင်းကို သူကိုယ်တိုင်သိသည်။ သူချစ်ရတဲ့ လူအားနာကျင်‌စေမိနေ မှန်းသိနေ‌တာကြောင့် သူ့ကိုယ်သူထိန်းချုပ်ပေမယ့် ယိမ်းဆီမှ စွန့်ပစ်လိုက်သည့်သဘောဆောင်သောစကားလုံးအချို့က သူ့အား ထိန်းချုပ်မှုလွတ်ကင်းသွားစမြဲပေ။

သူကိုယ်တိုင်ကယိမ်းအားနာကျင်မှုတွေပေးနေမိ‌ပြီလား.. ဒီထပ်ပိုပြီးကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တော့ရင် သူချစ်ရတဲ့ သူ့ကိုကိုအားငရဲနှင့်နီးတူ ပူလောင်ပြီးနာကျင်စေတဲ့ ဒဏ်ရာတွေပေးမိလာမလား.. သူသာမရှိတော့ရင် ကိုကို့ဘဝ ပိုပြီးပျော်ရွှင်ရနိုင်မလား .. စသည့်ရူးကြောင်ကြောင်အတွေးများတွေးကာ  မျက်နှာကိုလက်ဖြင့်အုပ်ကာ နာနာကျင်ကျင်ရယ်မောလိုက်တယ်။

"ငါမရှ်ိတော့တာ ပိုအဆင်ပြေမယ်ထင်တယ်..."

---

ရယ်သံလိုလို ငိုသံလိုလို အသံကြောင့် ယိမ်းမျက်မှောင်ကျုံ့လိုက်တယ် ။ ဒီအသံကို သူဘဝကူးတော့မယ်ဆိုရင်တောင် ဘယ်တော့မှမေ့မှာ မဟုတ်ပေ။ ဘာကြောင့်ဆိုသူချစ်ရတဲ့မာန့်အသံဖြစ်နေသောကြောင့်ပင်။ ငိုနေတာလား ? မာန်ကဘာကြောင့်ငိုနေရတာလဲ ? ယိမ်းမနေနိုင်တော့တာကြောင့် သူ့ရဲ့လေးပင်နေတဲ့မျက်ခွံတွေကိုအားယူပြီးဖွင့်လိုက်တယ်။

Way To Say " I Love You  "( Complete )Where stories live. Discover now