Soul Mate - 16

8.9K 405 6
                                    

Unicode

ဇွဲမာန်ခ က ဦးသိန်းဟန်ထွန်းနှင့်လုပ်ငန်းအကြောင်းဆွေးနွေးပြီး နှုတ်ဆက်ကာ ရှင်းခန့်တို့ရှိသည့် rooftop သို့သွားရန် ဓာတ်လှေကားရှေ့တွင် ရပ်စောင့်နေစဉ် ဓာတ်လှေကားထဲမှ ထွက်လာသော မာန်တို့နှင့်ဆုံသွားသောအခါ အံဩဟန်ဖြစ်သွားသည်။

" စားပြီးသွားကြပြီလား ဘာလို့ အစောကြီးဆင်းလာတာလဲ "

ရှင်းခန့်အား မာန်က ကွယ်ထားသောကြောင့် ရှင်းခန့်၏ ကြောက်လန့်တုန်လှုပ်နေသည် အမှုယာကို မ‌တွေ့သေးသည်အထိ ဇွဲမာန်ခ ၏ လေသံမှာ တည်ငြိမ်နေသည်။

" အင်း အမှိုက်တစ်စ နဲ့တွေ့လာလို့ စားချင်စိတ်မရှိတော့ဘူး " မာန်က ဒေါသတစ်စွန်းတစပါသောလေသံဖြင့်ပြောလာသည်။

" ကျွန်တော်ပါနေတာဘဲ ဘာမှမဖြစ်ပါဘူး လာ အပေါ်တက်ရအောင် " ထိုသို့ပြောပြီး ဓာတ်လှေကားထဲသို့ ဝင်လိုက်ချိန်တွင် ရှင်းခန့်က ဇွဲလက်ကို ဆွဲကာ

"အိမ်.. အိမ်ဘဲပြန်ကြရအောင်နော် ငါဒီ‌မှာမနေချင်လို့ပါ အိမ်ပြန်ရအောင်နော် ဇွဲ " အသံကအစ တစ်ကိုယ်လုံးတုန်ယင်ကာ ထိတ်လန့်နေသော အမူယာဖြင့်ပြောလာသော ရှင်းခန့်အား ဇွဲ မြင်သည်နှင် တစ်ပြိုင်နက် စိုးရိမ်စိတ် ကြီးလာကာ wheelchair ရှေ့ဒူးထောက် ထိုင်ချလိုက်ပြီး ရှင်းခန့်မျက်နှာအား လက်ဖြင့်အုပ်ကိုင်ကာ

" ဘာဖြစ်လို့လဲ ဘယ်နားနာလို့လဲ ခေါင်းကိုက်လို့လား ခြေထောက်နာ‌နေ လို့လားဟင် ? "

ရှင်းခန့်က

" အိမ် မြန်မြန်ပြန်ရအောင်နော် ငါအိမ်ပြန်ချင်တယ် ငါကြောက်လို့ပါ " ဟုပြောရင် မျက်ရည်များပါးပြင်ပေါ်ကိုစီးကျလာသည်။

ဇွဲမာန်ခက ရှင်းခန့်သွင်ရဲ့ပါးပြင်ပေါ်ကိုကျလာတဲ့ မျက်ရည်တွေကိုတွေ့တဲ့အခါ သူ့ရင်ထဲက စူးအောင့်သလိုခံစားရလာတယ်။ သူရှင်းခန့်ကို ဘာမှဆက်မမေးဘဲ wheelchair ပေါ်ကနေ ပွေ့ချီပြီး carparking ဆီမြန်မြန်သွားလိုက်တယ် ၊ ဒီတစ်ခါတော့ ဇွဲ က ကားမမောင်းတော့ပေ။ ဘုန်းမာန်ခ နဲ့ယိမ်းဟန်သာက အရှေ့မှာထိုင်ကာ ဇွဲမာန်ခက နောက်ခန်းမှာ ရှင်းခန့်အား ပွေ့ထားလျက် ပင်။

Way To Say " I Love You  "( Complete )Donde viven las historias. Descúbrelo ahora