အပိုင်း(၁)

33 1 0
                                    

အချစ်ဟူသည်မှာ...။
မည်သို့ပုံစံပင်ဖြစ်စေ...
မည်သည့်နေရာပင်ဖြစ်စေ...
ပေါ်ပေါက်လာတတ်သည့်အရာတစ်ခုပင်...။

************************************

စပါးပင်တို့လေယူရာယိမ်းနွဲ့နေပြီးလတ်ဆတ်တဲ့ညလေခင်းက ပုထိုးရွာ ရဲ့စေတီပွဲတော်ကို ပံ့ပိုးကူညီပေးနေကြသည်။အနီးအနားရှိကျေးရွာများမှ လှည်းဖြင့် ပွဲတော်စီ လာနေကြစဥ် အငြိမ့်ထွက်ရန်အတွက် အိုးစည်၊နှဲ၊မောင်းသံတို့မှာ ဆူညံလှသည်။တစ်နှစ် မှတစ်ခါသာကျင်းပသည့်ပွဲတော်မို့ မိန်းကလေးများမှာ ချပ်လျက်နေတဲ့မြန်မာ့ရင်ဖုံးလုံချည်လေး နှင့် မန္တလေးမြို့ထိတက်ဝယ်ထားရသည့် အောက်ခံမိတ်ကပ်ပါးပါးလေးအားလိမ်းခြယ်ကာ သူ့ထက်ငါ အပြိုင်လှပနေကြသည်။ထိုကျေးရွာအမျိုးသမီးများ၏အလှမှာ မြို့ပေါ်မှ ဟိုပေါ်ဒီပေါ်များ ထက်တောင်ပို၍လှပသေးသည်။ ကာလသားများမှာလည်းလည်စေ့ကော်လံလက်ရှည်ရောင်စုံများနှင့်ယောပုဆိုးတို့ကိုဝတ်ဆင်ထားကြသည်။ မန္တလေးမြို့မှ လေးမိုင်ခန့်ဝေးသည့် ပုထိုးရွာလေးရှိလူများမှာ အသားညိုကြသည်။

"ဟေ့ကောင်!ငါ ဒါကြီးနဲ့မဖြစ်ဘူးနော် ဒီဟာကြီးဖယ်ပေးစမ်းပါ ခွေးကောင်ရ!"

ရာသီဦး စိတ်ရှုပ်စွာ​ငြီးညူမိသည်။ဘယ်နှယ့် ရွာကလူတွေအကုန်က မင်း ပွဲတော်မှာအငြိမ့်မင်းသမီးလိုကရမယ် ဆိုပြီးဝိုင်းပြောကြလို့ ယောက်ျားကြီးတန်မဲ့ ခါးတောင်အင်္ကျီ နဲ့ထိုင်မသိမ်းလုံချည်ကြီးအားဝတ်ထားရတဲ့အပြင် ရင်ဘက်မှာလဲပေါက်စီနှစ်လုံးအား ထည့်ပေးသေးသည်။ထိုပေါက်စီနှစ်လုံးအားဖယ်ပေးဖို့ပြောနေသော်လည်း သူ့အားဘယ်သူမှပင်ဂရုစိုက်နားမတင်ဘဲ မင်းသမီးအားအမဲဝိုင်းဖျက်ကြမယ့်အကြည့်များနဲ့သာ သားရည်တမျှမျှကြည့်နေကြသည်။

"ငါလိုး!!!ကျောက်ခဲ ငါပြောတာကြာလား!!!"

ကျောက်ခဲဆိုတာ ကျုပ်တို့သူငယ်ချင်းတစ်စုနာမည်ဖျက်ထားကြတဲ့ မင်းယံ ရဲ့နာမည်ပင်။ ကျုပ်တို့သူငယ်ချင်းများတွင် ဂွေးတို က ခန့်မောင်၊ ရေမြင်း က စိုးဈာန် ပင်။ကျုပ် နာမည်ပြောင်က.....။

အချစ်ဟူသည်....။Where stories live. Discover now