" 1 WEEK " 5

231 29 2
                                    

အကြောင်းတစ်ခုကြောင့် တစ်ညလုံးအပြုံးမျိုးစုံနဲ့စိတ်ကူးယဉ်ရင်း မအိပ်ပျော်နိုင်ခဲ့တဲ့ lisaဟာ နေမြင့်မှသာအိပ်ယာထလာတယ်

9:30AM

" အာ့ ကျွတ်ကျွတ် ခေါင်းတွေကိုက်လိုက်တာ"

" သိပ်ကြည်နေတာမဟုတ်ဘူးနော် မမကို "

" ဒီလိုနေရာဆိုတာ ရောက်ခဲတယ်လေ သူငယ်ချင်းတွေနဲ့ပျော်ချင်လို့သောက်မိသွားတာပါ "

"ဆိုးလ်မှာကျမပျော်ရ‌ မသောက်ရဘူးပေါ့ "

" တော်ပါတော့la lisaရယ် ငါမှားပါတယ် "

" ခြေထောက်ကတွဲတဲ့သူမလိုပဲ လမ်းကောင်းကောင်းလျှောက်လို့ရပြီလား "

" မြင်တဲ့အတိုင်းပဲလေ ဟိုလိုကြီးတော့မကောင်းသေး‌ပေမဲ့ နင့်ရဲ့ချယ် ပြောသလိုဆိုရင်တော့ ‌အကောင်းတိုင်းဖြစ်လာတော့မှာပါ "

" ဘာကြီးတုံး နင့်ရဲ့ချယ်တဲ့ မဖားနဲ့ စိတ်ဆိုးတာကဆိုးတာပဲ ဟင့် "

သူ့အမကိုမနေ့ညကမူးအောင်မှောက်အောင်သောက်ရတဲ့အတွက် ခုထိစိတ်ဆိုးမပြေသေးတယ့်ပုံပဲ ၊ lisaကတော့နိုးတာနဲ့ထုံးစံအတိုင်း ချယ့်ကိုထွက်ကြည့်တယ် ချယ့်ရဲ့အခန်း‌ရှေ့ ကိုငေးကြည့်တော့ ချယ့်ကိုမတွေ့ ၊ lisaတစ်ယောက် သူမအခန်းဆီသွားဖို့ဆုံးဖြတ်လိုက်တယ် ဒါမဲ့လမ်းတစ်ဝက်မှာတင်

" lisa ချယ်ဒီမှာ "

lisaကိုလှမ်း‌ခေါ်နေတဲ့ စက်ဘီးပေါ်ကချယ်
စက်ဘီးကနှစ်စီး ဘေးမှာsooလဲပါတယ် အငှားဆိုင်ရှိတော့ သွားငှားစီးလာတာနဲ့တူပါတယ် ၊ ချယ်တို့lisaရှေ့မှာစက်ဘီးရပ်လိုက်တယ် lisaကချယ်ကိုမြင်တော့ခေါင်းကိုငုံ့ထားတယ်

" မြေကြီးမှာတစ်ခုခုရှိလို့လား "

" မဟုတ်ပါဘူး "

ပြုံးစိစိနဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြတယ် ကြားထဲကsooကတော့ကြောင်တောင်တောင်ဖြစ်နေတယ် ၊ ချယ်နဲ့lisaမနေ့ညကဘာများဖြစ်ခဲ့လို့ပါလိမ့် ?

နောက်ကြောင်းပြန်ရန်

မနေ့ညကဦးလေးကြီးတစ်ယောက်ငေါက်ခံရတာကြောင့်ချယ်နဲ့lisaရီမောရင်းလက်တွဲမပျတ် ကိုယ့်အခန်းတွေစီပြန်လာခဲ့ကြတယ် လမ်း၌။

" 1 WEEK "Where stories live. Discover now