" 1 WEEK " 9

383 29 9
                                    

နေမထွက်သေးတဲ့မနက်ခင်းမှာ မောင့်ရင်ခွင်ထဲအိပ်စက်နေတဲ့ချယ်လေးကအဝတ်ဗလာနဲ့စောင်ထဲမှာကွေးကွေးလေး

နိုးလာတာနဲ့lisaရင်ခွင်ထဲကထွက်၍ခေါင်းရင်းပေါ်မှာစုထားတဲ့သူမအဝတ်စားများကိုကောက်ဝတ်ကာ မျက်နှာထသစ်လိုက်ပြီး အထွက်

" မောင့်ကို နိုးတာနဲ့နှိုးလို့မှာထားတယ်လေ "

နိုးရင်နှိုးလို့‌မှာထားတဲ့lisaကပဲအရင်နိုးနှင့်နေသည် ၊

" အစောကြီးရှိသေးတော့ မောင်အိပ်ရေးပျတ်မှာစိုးလို့ပါ "

" ချယ့်ကိုထိုင်ကြည့်နေချင်မှတော့ အပျတ်ခံရမှာပေါ့ "

" ဟုတ်ပါပြီ..ချယ်က အဝတ်တွေထုတ်ပိုးထားမှာမို့စောစောထတာ..ပြန်တာက၇နာရီမှပြန်မှာ "

" အဲ့တာဆိုမောင့်အပိုင်လေးကို နှစ်နာရီလောက်မြင်ခွင့်ရသေးတာပဲ "

" ဟင်းးဟင်းး..မောင့်အပိုင်တဲ့ "

" ဘာလဲမဖြစ်ချင်လို့လား မဟုတ်လဲချယ်ကမောင့်အပိုင်ဖြစ်သွားပြီပဲကိုး မနေ့.. "

" တွေ့တာဖြစ်တစ်ပတ်ပဲရှိသေးတယ် လူကို "

" ဆက်ပြောလေချယ် မောင်နားထောင်နေတယ် "

" မစနဲ့ ဒီမှာနော်ထုလိုက်မှာ "

" ချယ့်ရဲ့လက်သီးနုနုလေးက မောင့်ကိုဘာလုပ်နိုင်မှာမို့လို့လဲ "

" ‌မနေ့ကလက်ရာကိုမေ့သွားပြီထင်တယ် "

" နေ့တိုင်းအထိုးခံချင်တာပါ ချယ်တစ်ချက်ထိုးမောင်တစ်ချက်နမ်းပေါ့ "

" မောင်ဆိုးလေး...အမတို့ကိုပြီးရင်သွားနှုတ်ဆက်လိုက်ဦးမယ် မဟုတ်ရင်ချယ်ပြန်သွားတဲ့ထိနိုးမှာမဟုတ်သေးဘူး ရှင်လေးကောထတော့ "

" ကဲ..ထပါပြီဗျာ မမတို့စီသွားရင်မောင်ကောလိုက်ခဲ့မယ် "

" အင်း..စောင့်မယ်သွား "

ခဏကြာတော့ သူတို့jenတို့စီသွားတယ် အခန်းထဲလဲရောက်ရော သူငယ်ချင်းသုံးယောက်ကဇောက်ထိုးမိုးပြံတွေအိပ်နေကြတယ် ၊ ဆာနာကမှောက်ယက် ၊ ဂျောင်ယွန်းကကားယားကြီး ၊ Jenကခြေရင်းမှာ

You've reached the end of published parts.

⏰ Last updated: Jul 29, 2023 ⏰

Add this story to your Library to get notified about new parts!

" 1 WEEK "Where stories live. Discover now