DEAD လဲ အာဏာက အင်္ကျီတွေရွေးနေလို့ မစောင့်ချင်တာနဲ့ ဖုန်းဆိုင်ကိုကိုယ့်ဘာသာသာထွက်လာလိုက်တယ်
ဖုန်းထဲကအချက်အလက်တွေကို အရင်ဆုံးရှင်းပြစ်လိုက်ဖို့ကိုယ့်ဖုန်းကိုယ်သာကြည့်လျှောက်နေရင် အနောက်မှ ကလေးသံလိုလိုအသံစွာစွာနဲ့ ဘယ်သူ့ကိုပြောမှန်းမသိအသံကြားပေမယ့် အရေးမစိုက်ပဲဆက်သာလျှောက်လိုက်ပေမယ့် အနောက်မှ သူကိုလှမ်းဆွဲကာရပ်ခိုင်းတဲ့အသံကြောင့် ရပ်လိုက်ပြီးလှည့်ကြည့်လိုက်တော့
ကောင်လေးတစ်ယောက် အတိအကျပြောရရင် ပုဆိုးလေးနဲ့မြန်မာဝမ်းဆက်နဲ့ကောင်လေး ဆံပင်ကို ခရမ်းရောင်လေးဆိုးထားပြီး မျက်လုံးတွေကအပြာရောင်မျက်စံလေးတွေနဲ့ အရပ်ကတော့ ကိုယ့်လောက်ပင်ရှိပြီး မတိမ်းမရိမ်းနှင့်သိပ်မကွာချင် မျက်နှာကလဲ နုနုဖက်ဖက်ပုံစံမျိုးမဟုတ်ပဲ အတော်လေးချောတဲ့ထဲပါတယ် ကလေးဆန်ဆန်ပုံမျိုးဖြစ်ပေမယ့် အလှလေးပုံစံမျိုးလဲမဟုတ်ပဲလှလွန်းတဲ့လူတစ်ယောက် နောက်တစ်ခေါက်ပြန်ကြည့်ချင်လောက်အောင်စွဲအောင်နေတဲ့ ထူးခြားတဲ့ မျက်နှာမျိုး
ပါးစပ်လေးကလဲလှုပ်စိလှုပ်စိနဲ့ သဘာဝပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းလေးက Hotdog ချောင်းလေးကိုက်ထားရင်းကြာမှ တစ်ချက်တစ်ချက်ဆူဆူထွက်လာတာလေးက အဲ့လူသားလေးက ဘယ်လောက်ကလေးဆန်နေကြောင်းဖော်ပြနေဟန် တကယ်ပါမျက်နှာလေးကိုကြည့်နေရတာကိုက ရင်ကိုအေးစေတာ နှုတ်ခမ်းလေးတွေကလဲ အိုအေစစ်လေးလိုပဲ
ထိုလူသားလေးကိုကြည့်နေရင်းနဲ့ကိုပျောက်သွားမှာဆိုးလာတယ် ဖြစ်နိုင်ရင် ကိုယ့်ကမ္ဘာထဲမှာသာဘယ်သူ့မှမမြင်အောင်ဖွတ်ထားပလိုက်ချင်တယ်
နှလုံးသားကလဲ ခုမှသူ့ပိုင်ရှင်နဲ့တွေ့သလို ဆူညံသံတွေနဲ့ရှေ့ကလူသားကိုနှုတ်ဆက်နေတယ် မသိရင် ပဲ အခုထထွက်သွားတော့မယောက်တုန်ခါနေတယ်
ခနကြာတော့ထိုလူသားလေးမော့ကြည့်လာတဲ့အခါ ကျွန်တော်ကအရင်မျက်နှာလွှဲမိသွားတယ် ဆက်ကြည့်လို့မဖြစ်နိုင်ပါ နှလုံးခုန်အမြန်လွန်ပြီးသေသွားလိမ့်မယ် နောက်ပြီးပိုင်ဆိုင်ချင်စိတ်တွေပိုတိုးလာလိမ့်မယ် DEAD ဘဝမှာလူတစ်ယောက်ကို မကြည့်ရဲပဲမျက်နှာလွှဲမိတာ ဒါက ပထမအကြိမ်ပါ
YOU ARE READING
I'm yours (or) မောင့်ပိုင်သူ (Completed)
General Fictionမွေးထဲကမိဘတွေရဲ့ စွန့်ပစ်ခြင်းကိုခံရတဲ့ကောင်လေး မွေးစားမိဘတွေရဲ့အနိုင်ကျင့်ရက်စက်မှုကိုခံရတဲ့ကောင်လေးနဲ့ လူတိုင်းရဲ့အချစ်ခံသဲသဲလှုပ်အချစ်ခံရတဲ့ကောင်လေးနဲ့ဘယ်လိုတွေချစ်မိသွားမလဲ ⚠️စိတ်ကူးယဥ်ရေးထားတာဖြစ်လို့ ယုတ္တိမဆန်တာတွေပါပါတယ်⚠️ ⚠️ရိ...
