Part 30

1.3K 51 2
                                        

"ခု​မေ​​မေ့​ရှေ့က က​​​လေး​လေ ဟီး​ချောတယ်မလား"

"အင်းပါ​ချောပါတယ် နှ​မျောလိုက်တာ​ကောင်​လေးကို နင်နဲ့ကိုမတန်ဘူးတကယ် သားနေစဝ် မင်းကိုအနိုင်ကျင့်တယ်ဆိုရင် အန်တီ့ကိုလာတိုင်​နော်"

"​မေ​မေကလဲအနိုင်ကျင့်ဆရာလား D ​ပြောလိုက်ငါမင်းကိုအနိုင်ကျင့်လို့လား"

"မကျင့်ပါဘူး"

"​ငါမင်းကိုနှိပ်​ရောနှိပ်စက်လား"

"မနှိပ်စပ်ပါဘူး"

"နင်တို့ဟာကလဲ​ကျောင်သားနဲ့ဆရာမအ​မေးအ​ဖြေလုပ်​နေတာကျနေတာပဲ ကြည့်စတာမင်းရှိ​နေလို့က​လေးက​ကြောက်ပြီးမ​ပြောရဲတာ​နေမှာ"

" သား UNCLE နဲ့ခနလိုက်ခဲ့ပါလား စကား​လေးဘာ​လေး​ပြောကြရ​အောင်" ဆိုကာ ​ဖေကြီးကအပြင်​ခေါ်သွားသည် Dက သူ့ကိုလှည်ကြည့်​နေ​ပေမယ့် လိုက်သွားဖို့သာ​ပြောလိုက်သည်

"လိုက်သွားလိုက်​မောင် ​ဖေကြီးမင်းကိုအနိုင်ကျင့်ကို ငါ့ကိုလာတိုင်လှည့်​နော်"

"ဒီက​လေးက​တော့ ဖ​အေကို​နောက်စရာလား"

"ဟီး" ​ဖေကြီးတို့လဲအပြင်ထွက်သွားကြ​တော့သည် လျှံတို့ဦး​နောင်တို့က​တော့​ဘေးမှာပဲ ​ရေ​နွေး​ကြမ်းသောက်တဲ့သူက​သောက် အ​အေး​သောက်တဲ့သူက​သောက်ရင်းသာထိုင်​နေကြတယ်

​"သား​​နေစဝ် အွန်း...​နေဝန်းကဆိုးတယ်မလား"

"မဆိုးပါဘူး Uncle"

"အဟင်း တကယ်လားကွ"

"ဟုတ်ကဲ့"

"သားကအလိုလိုက်ခံရတယ် သူ့အ​ဖေ​တွေဆုံးထဲက ဦး​လေးတို့က ​မွေးခဲ့တာ သူ့သူငယ်ချင်း​တွေက​ရော သူ့အဖွဲ့သား​တွေက​ရောကအလိုလိုက်ကြတယ် အဲ့​တော့နည်းနည်းဆိုးချင်တယ် ဆိုးတယ်ဆိုတာထက် လိုချင်တာကို အနုနည်းနဲ့ရ​အောင်ယူတတ်တာ​ပေါ့"

"ဟုတ်ကဲ့ကျွန်​​တော်သိပါတယ် ကျွန်​တော့်လိုလူမျိုးကို​တောင်ပြန်ချစ်​ပေးထဲက ကိုကိုကဘယ်လိုလူလဲတစ်​ကျော်သိပြီးသားပါ
ကိုကို့အတွက်ဆို ကျွန်​တော်တကယ် အရာရာကိုရင်းရဲပါတယ် ကျွန်​တော့အသက်ကို​​ရော​​ပေါ့"

I'm yours​ (or) မောင့်ပိုင်သူ (Completed)Where stories live. Discover now