၂ ယောက်သား MYANMAR PLAZA သို့သာထွက်လာခဲ့လိုက်သည် ကိုကိုကတော့ "လာဗိုက်ဆာတယ် အရင်ဆုံး ကိုရီးယားပဲခေါက်ဆွဲသွားစားမယ်"
"ကိုကို့ သဘော"
"ဟီး မင်းကအကောင်းဆုံးပဲ လာသွားမယ်"
"အမ ပဲခေါက်ဆွဲ ၂ ပွဲ ခေါက်ဆွဲအေး ၂ ပွဲ ငါ့အသားချောင်း ၂ ပွဲ အသားကင်၂ ပွဲပြီးတော့ ထမင်းလိပ်ကလဲ ၂ ပွဲ တော့ပုကီ ၂ ပွဲ အာ အစပ်ဆုံးနော် အင်း ပြီးတော့ ကြက်သားစွပ်ပြုတ်ရော ၂ ပွဲ အဲ့တာပဲအရင်ချပေးနော်"
"ဟုတ်ကဲ့ပါရှင့်"
ခနကြာတော့မှထားတာတွေအကုန်လာချပါတယ်
ဘာလေးလဲကွာကိုကိုကတော့
"ကိုကို နှုတ်ခမ်းမှာပေနေတယ်ကျွန်တော်သုတ်ပေးမယ်" ဆိုကာလက်နဲ့လှမ်းသုတ်ပေးသည် တစ်ရှူးရှိတယ်လာမပြောပါနဲ့ FA တွေကနားလည်မှာမဟုတ်ပါဘူး
အကုန်စားပြီးတော့အပြင်ပြန်ထွက်ကြတယ်
"D ဒီအင်ကျီလေးမင်းနဲ့လိုက်တယ် ဒါရောပဲယူလိုက်မယ်"
"ကိုကို အများကြီးဖြစ်နေပြီလေ ကိုကိုပိုက်ဆံတွေကုန်လိမ့်မယ်"
"မင်းကငါ့ကိုဆင်းရဲသားထင်နေတာလား ဟွန်း နေဝန်းဘဝမှာအပေါဆုံးကပိုက်ဆံနော် ဒီ MALL တစ်ခုလုံးတောင်ဝယ်ပလို့ရတယ်
ညီမလေး ဒီဆိုင်ထဲမှာရှိသမျှပစ္စည်းအကုန်ယူမယ်" ဆိုပြီး အကုန်လုံးကို ဝယ်ပေးနေပါတော့သည်
ဟမ် သရဲဇာတ်ကားပြမှာပဲ ဟဲဟဲ အကြံရပြီ
"D သရဲကားသွားကြည့်အောင်"
"အင်းကိုကိုသဘော"
ရုပ်ရှင်ရုံထဲတွင်တော့ သူများတွေကြောက်နေကြချိန်
"ဟာ ဘယ်လိုသတ်နေတာလဲ!
ငါတကယ်အားကိုမရဘူး
အဲ့မှာအဲ့မှာ ဇွတ်ဇွတ်ဇွတ်ဆိုပြီး မျက်လုံး ၂ လုံးကိုနှိုက်လိုက်လေ
သတ်လေသတ်လေ အဲ့နားကအချောင်းနဲ့ထိုးသတ်လိုက်လေ
ဘယ်လိုလုပ်ပြီးလူသတ်သမားဖြစ်လာတာလဲအံ့သြတယ်"
D ကတော နေဝန်းကိုကြည့်ကာ ပြုံးနေသည် သရဲဇာတ်ကားထင်ပြီးကြည့်ရာက လူသတ်ကားဖြစ်နေကာ Mafia လေးကလူသတ်တာကိုအားမလိုအားမရတွေဖြစ်နေတာပါ တကယ့်ကလေးပေါက်လေးပါဆိုဗျာ
ВЫ ЧИТАЕТЕ
I'm yours (or) မောင့်ပိုင်သူ (Completed)
Художественная прозаမွေးထဲကမိဘတွေရဲ့ စွန့်ပစ်ခြင်းကိုခံရတဲ့ကောင်လေး မွေးစားမိဘတွေရဲ့အနိုင်ကျင့်ရက်စက်မှုကိုခံရတဲ့ကောင်လေးနဲ့ လူတိုင်းရဲ့အချစ်ခံသဲသဲလှုပ်အချစ်ခံရတဲ့ကောင်လေးနဲ့ဘယ်လိုတွေချစ်မိသွားမလဲ ⚠️စိတ်ကူးယဥ်ရေးထားတာဖြစ်လို့ ယုတ္တိမဆန်တာတွေပါပါတယ်⚠️ ⚠️ရိ...
