1.5K 131 16
                                    

这题超纲了


UNICODE


လင်ကျန်းအမှတ်(၆)၏ ၂၀၁၉ခုနှစ်အထက်တန်းဒုတိယနှစ်အကြိုစာမေးပွဲ ၊ တရုတ်စာအဖြေလွှာ။

ဖြေဆိုချိန် 150မိနစ် ၊ စုစုပေါင်းအမှတ် 150မှတ်။

ဖြေဆိုသူ၏ရမှတ် : 48

သင်္ချာ : 36

အင်္ဂလိပ်စာ : 22

ဓာတုရူပဇီဝ : 59

. . .  . . .

ရုံးခန်းထဲကစားပွဲထက် အဖြေလွှာတချို့ချခင်းလို့ထား၏ ၊ အဖြေလွှာစာရွက်တိုင်းထက် သည်းခံရခက်အောင်ဆိုးရွားသည့်ကြက်ခြေခတ်တို့အပြည့် ၊ တစ်ရွက်ပြီးတစ်ရွက်ပိုလို့အခြေအနေကားဆိုးသည်။ စာစစ်သူမှာ ပုံမှန်အမှတ်ပေးနေကြနည်းကဒီဖြေဆိုသူအတွက်တော့ မသင့်လျော်သည်ကိုခပ်မြန်မြန်ပင်သတိထားမိလိုက်သည်။ ဤသို့ဖြင့်နောက်တစ်ရွက်ထက်မှာတော့ မင်နီနဲ့အနည်းငယ် ကျိုးတိုးကျဲတဲသာခြစ်ပေးလိုက်ပါသည်။

နာမည်အကွက်ထဲ၌ စာလုံးနှစ်လုံးအား အားပါပါရေးလို့ထား၏ ၊ ရှုပ်ပွစုတ်ပြတ်အောင်သော့ရေးထားပြီး ကလောင်သွားကထက်သည်။

ဖြေဆိုသူအမည် : ရွှီရှိန့်။

"ဒီတစ်ခေါက်အကြိုစာမေးပွဲရဲ့ရမှတ်ကို မင်းဘာမင်းကြည့်ကြည့်ဦး။"

"ပျှမ်းမျှစံနှုန်းရမှတ်ထက်ကို အမှတ်(၃၀)လောက်အများကြီးကွာနေတာ ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဖို့မပြောနဲ့ ငါ့အမြင်တော့မင်းဒီအရည်အချင်းအရဆိုအလယ်တန်းတောင်ပြန်ဖြေရမယ်။"

အတန်းပိုင်ဆရာမုန့်ကော်ဝေမှာ ပြောရင်းပြောရင်းလေသံကကျယ်လို့လာသည်။ အော်ပြောသံမှာဆို ရုံးခန်းအပြင်ကကော်ရစ်တာတစ်ဝက်လောက်ထိတိုင်ကြားနေရ၏။

"ဒီအပုဒ်တွေထဲ ငါအတန်းထဲမှာမရှင်းပြတာဘယ်အပုဒ်ပါလဲ အကုန်အမှတ်အလကားရမယ့်အပုဒ်တွေကွ! ငါအဖြေလွှာပေါ်ဆန်စေ့ကြဲထားလိုက်လို့ ကြက်ကလျှောက်ရွေးကောက်သွားမယ့်အဖြေတွေကတောင် မင်းထက်အများကြီးမှန်လောက်ဦးမှာ ၊ မင်းကဘယ်လိုဖြစ်ရတာလဲ—-  —- ကျောင်းကိုလာပြီးစာသင်တာလား လာအချိန်ဖြုန်းတာလား? !"

ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)Where stories live. Discover now