672 80 11
                                    

这题超纲了
Zhe Ti Chao Gang Le


UNICODE


ခွင့်ပြုချက်မရှိဘဲ နံရံကျော်ပြီးကျောင်းအပြင်ခိုးထွက်တာက ကြီးလေးသောပြစ်မှုဖြစ်သည်။ ကျောင်းစည်းကမ်းပထမစာမျက်နှာမှာကို စာလုံးမည်းဖြင့်ခပ်ကြီးကြီးရေးလို့ထားခြင်း ၊ ကျောင်းစည်းကမ်းဖောက်ဖျက်သူအား အပြစ်ပေးမည်ဖြစ်ကာ တစ်ကျောင်းလုံးရှေ့သုံးသပ်ချက်စာတမ်းဖတ်ရပြီး အမှတ်နှုတ်ခံရမည်ဖြစ်သည်။

ရွှီရှိန့်က အမြဲစည်းကမ်းချိုးဖောက်နေသော်ငြား လူမိတာကတော့အတော်နည်း၏။ လူသက်သေရောပစ္စည်းသက်သေရော ခိုင်မာတဲ့သက်သေမရှိ၍ ဟိုလိုလိုဒီလိုလိုနှင့်ပဲပြီးမြောက်သွားသည်သာ။ မိမိအဲ့ကိစ္စမလုပ်ဘူးဟု ပေါ်တင်ဗြောင်လိမ်လိုက်တဲ့အခါ ဆရာတွေသည်လည်းသူ့ကိုဘာမှမလုပ်နိုင်ရှိ၏။

အထက်တန်းပထမနှစ်တုန်းက သူနှင့်ဆရာတွေရဲ့ဆက်ဆံရေးသည်လည်း မဆိုးလှဘဲရှိသည်ဆိုရမည်ပေ။

'ရွှီရှိန့်'ဆိုသည့်ထိုအမည်နာမကို ခေါ်ရကြားရချိန်တိုင်းဘာသာရပ်ဆရာများမှာ ခေါင်းကိုက်မိကြရသော်ငြား လူလူချင်းဆက်ဆံရေးဟာဆိုလျှင် ထူးဆန်းလှသည်။ ဆဲရင်းဆိုရင်းဖြင့် သိကျွမ်းလာကြ၏။

ရုံခန်းကိုဝင်ထွက်ရတဲ့အကြိမ်အရေကများလှသဖြင့် မရင်းနှီးချင်တောင်မလွယ်ပါ။

အချုပ်ဆိုရရင် ဒီကိစ္စကိုလည်း သူကတော့ဖြင့်မကြောက် ၊ ဒါပေမယ့်စိတ်အနှောက်အယှက်တော့ဖြစ်ရသည်။


ရွှီရှိန့်မှာ နံရံပေါ်ထိုင်နေရင်း ခုန်ပဲဆင်းရမှာလိုလို မဆင်းရမှာလိုလိုရှိသည်။

ညအချိန် ၊ နွေရာသီနေ့ခင်းပိုင်းတုန်းက ပူပြင်းလွန်းမှုကြောင့် ပုစဉ်းရင်ကွဲတို့အော်မြည်သံက လျော့သွား၏။ လမ်းမီးတိုင်၏အလင်း​ကြောင့် အရိပ်တို့ကပိုမိုရှည်ထွက်နေလျက်။ နံရံထက်ကလူငယ်မှာ နံရံအစွန်းကိုလက်တစ်ဖက်တည်းဖြင့်ဖိထောက်ထားရင်း ခဏမျှတွေဝေပြီးနောက် အဆုံးမှာတော့ခုန်သာဆင်းချလိုက်ပါတော့သည်။

"မင်းဘာဆိုဘာမှမမြင်လိုက်ဘူး ၊ ဒီနံရံကနေလည်း ခုန်ဆင်းလာတဲ့သူဘယ်သူမှမရှိဘူး. ."

ဒီမေးခွန်းက ခက်လွန်းအားကြီးတယ် (ဘာသာပြန်)Where stories live. Discover now